တစ္ဆယ့္ေလး(U+Z)

797 94 20
                                    

Unicode

သူစိမ်းအမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုဝင်ပြီးကတည်းက သွေးရင်းသားရင်းဖြစ်တဲ့သူဆီကိုတော့ နုမရောက်ဖြစ်ပေ။အလုပ်ကိစ္စတွေနဲ့ရှုပ်နေသည်မို့ ဖုန်းသာပြောဖြစ်ပြီး လူတော့မရောက်ဖြစ်ပေ။ယနေ့မှသာ နားရက်မို့ မောင်နဲ့အတူကြွယ်ဆီကို လာဖြစ်တော့သည်။
မရောက်တာကြာပြီဖြစ်တဲ့ ခြံကလေးထဲ၌ ပန်းပင်ကလေးတွေတိုးစိုက်ထားမြင်ရတော့ စိတ်ပင်အေးချမ်းစေသည်။သေချာပေါက် ကြွယ်စိုက်ထားတာပဲဖြစ်ရမည်။

"တို့မမများ တအားနေနိုင်တာပဲ။ဒီညီမလေးဆီကိုတောင်မလာဘူး။အခုမှပဲလာတော့တယ်"

         ရောက်ရောက်ချင်းနုခါးလေးကိုဖက်ကာကြွယ်သည် ကလေးဆန်ဆန်ချွဲ့နွဲ့နေတော့သည်။အခုလိုမချွဲရတာကြာပြီမဟုတ်ပါလား။

"အလုပ်များနေလို့ပါကြွယ်ရယ်။ဒီကြားထဲဆေးခန်းလေးတစ်ခုမှာလည်းထိုင်ဖြစ်နေလို့လေ"

"ကြင်နာမောင်။တို့မမကို အလုပ်တွေတအားခိုင်းနေတာလား။မင်းတော့နော်"

      အစ်မဖြစ်သူကိုအထိမခံနိုင်တဲ့ကြွယ်ကထိုသို့ပြောတော့ မောင်ခေါင်းလေးပင်ငုံ့မိသည်။

"မောင်ကမလုပ်ခိုင်းဘူးကြွယ်ရဲ့။ငါကသာ လူမှုရေးအရကူညီတာပါ"

        မောင်အရှေ့ကနေအမြဲတမ်းရပ်တည်ပေးနေတဲ့ အာဂအမျိုးသမီး။မောင်ချစ်ရတဲ့အမျိုးသမီး။ဒီအမျိုးသမီးကိုချစ်လွန်းလို့၊
မြတ်နိုးလွန်းလို့ရူးရချည်ရဲ့...။

"အင်းပါ အင်းပါ"

"နု နေကောင်းတယ်မဟုတ်လား"

          ကြီးကြီးလှရဲ့အသံဟာ ကြားရချိန်တိုင်းချိုသာနေဆဲပင်။ငယ်ငယ်ကတည်းက ဒီအိမ်မှာအလုပ်လုပ်လာသူမို့ နုမရှိချိန်၌ ကြွယ်အတွက်စိတ်ချရသည်။

"ကောင်းပါတယ်ကြီးကြီးလှ။
ကြွယ့်ကိုလည်းသေချာလေးစောင့်ရှောင့်ပေးပါဦး။တစ်ခုခုလိုတာရှိရင် နုကိုပြောပါနော်"

"ဘာမှမလိုပါဘူးနုရဲ့"

"ကြီးကြီးလှနားချင်ရင်နားပါ။နုတို့လည်းမပြန်သေးပါဘူး"

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now