သံုး(U+Z)

1.5K 121 11
                                    

Unicode

         လူတွေများပြားသည့်နေရာတွေကို မနှစ်သက်သော်လည်း တစ်စုံတစ်ယောက်ကြောင့်သာ ဒီ နှစ်ပတ်လည်ပွဲကို အရဲစွန့်ကာ လိုက်လာခဲ့မိသည်။လူကုံထန်အသိုင်းအဝိုင်း၊
ဆေးပညာအသိုင်းအဝိုင်းမှ လူတွေနဲ့မို့ ထိုပွဲဟာ စည်ကားလွန်းနေသည်။ပွဲအတွင်းမှာ လှုပ်ရှားသွားလာနေသည့်သူတွေကိုကြည့်ရတာ ခေါင်းပင်မူးနောက်စရာကောင်းလွန်းသည်။

"နာနာ"

မိုးပြာရောင်ဝတ်စုံနဲ့ ဧကရီလှနေနိုင်သည်က မောင့်ကျေးဇူးကြောင့်မဟုတ်လား။ဧကရီရဲ့ခေါ်သံကို စကားနဲ့မဖြေပဲ ခေါင်းသာငြိမ့်ပြမိသည်။တွေ့ချင်နေသည့်သူကို မတွေ့ရသေးသည်မို့ စိတ်တွေက မကြည်လင်ပဲ ရှုပ်ထွေးလို့နေသည်။

"ဟယ် အန်တီနု လှလိုက်တာ"

ဧကရီ့အသံအဆုံး မောင့်မျက်ဝန်းတွေဟာ ပွဲတစ်ခုလုံးဆီကို အလျင်အမြန်ဝေ့ဝဲ့မိသည်။

အမျိုးသမီးတစ်ဦး။အသေအချာပြောရရင် ဒေါ်ခရမ်းနုကြွယ်ဆိုတဲ့ အမျိုးသမီး။မောင်ဖန်တီးပေးတဲ့ ဝတ်စုံနဲ့ လှပကျော့ရှင်းနေတဲ့ နုကို မောင်တင်မကပဲ ပွဲလာသည့်သူတွေကပါ အံ့သြစွာငေးကြည့်နေလေသည်။
မြင်ဖူးပြီးသားသူတစ်ယောက်ကို မျက်တောင်မခတ်တမ်းငေးနေသည့် မောင့်ရင်ထဲ၌ ဒေစီပန်းတွေပွင့်နေသလို။ဆောင်းဦးရာသီရောက်သွားသလိုလိုနဲ့ အေးချမ်းလို့သွားသည်။ဒီအလှတရားမှာ မောင်ဟာ နစ်မြုပ်သူဖြစ်သွားလေမလား။

"နာနာ အန်တီ့နုဝတ်စုံက တကယ်လှတယ်။ငါ့ကျ ဘယ်လိုချုပ်ပေးတာလဲ"

"တူတူချုပ်ပေးတာပဲ အန်တီက လှလို့ပေါ့"

"ဘာရယ်"

ဧကရီ့အသံဟာ အခုချိန်မှာ မောင့်အတွက်အရေးမကြီးတော့ပေ။မျက်စောင်းထိုးဝိုင်းမှာ ရှိတဲ့ နုထံ၌သာ မောင့်အကြည့်တွေက ရစ်ဝဲနေသည်။ကိုယ့်အတွက်ရည်ရွယ်ထားခြင်းမဟုတ်တဲ့ အပြုံးတွေက မောင့်ရင်ထဲကို နူးညံ့စွာဝင်လာပြီး အေးချမ်းမှုကို ပေးစွမ်းနေသည်။

"ဒီနှစ်အတွက် ဆေးရုံရဲ့အကောင်းဆုံးတာဝန်ထမ်းဆောင်နိုင်တဲ့ ဆရာဝန်တွေကို ဂုဏ်ပြုမယ့် အစီအစဉ်ရှိပါတယ်ခင်မျာ"

"ေမာင့္ၾကင္နာသူ"(Ongoing)Dove le storie prendono vita. Scoprilo ora