တစ္ဆယ့္နွစ္(U+Z)

635 68 6
                                    

Unicode

ကြီးမားကျယ်ဝန်းလှသည့် ဆေးရုံကြီး၌ ဆရာဝန်တွေ၊သူနာပြုတွေ၊လူနာတွေနဲ့မို့ ခပ်ရှုပ်ရှုပ်ပင်။ခြေလှမ်းတွေကို ခပ်သွက်သွက်လျှောက်နေသော်လည်း တစ်စုံတစ်ယောက်၏အသံကြောင့် နုခြေလှမ်းတွေပကတိရပ်တန့်လို့သွားသည်။

"မမနု"

"သက်နိုင်ပဲ။ပြောစရာရှိလို့လား"

"ဟို ပြောစရာဆိုတာထက် အကူအညီတောင်းချင်တာပါမမနု"

"ဘာများလဲ"

"ကျွန်တော် ဆေးခန်းလေးမှာ ကူပြီးထိုင်ပေးဖို့ပါ။အရင်ကတည်းကကမမနုကို အကူအညီတောင်းချင်ပေမယ့် အားနာမိလို့ပါ။ကျွန်တော့်တို့ဌာနမှာ ဆေးခန်းမထိုင်ဖြစ်တာမမနုပဲရှိတာမို့ပါ။အခုနောက်ပိုင်း လူတွေကပဲ မကျန်းမာကြတော့ဘူးဆိုရမလားပဲ။
ဆေးခန်းကတအားလူများလာတော့ အဆင်မပြေတော့ဘူးလေ။အမျိုးသားဆရာဝန်ကျတော့ ကျွန်တော်တို့ဌာနက လူတွေအကုန်လုံးက တာဝန်အသီးသီးတွေနဲ့။မမနုကကျ ဝါရင့်ဆရာဝန်တစ်ယောက်လည်းဖြစ်တာမို့ အကူအညီတောင်းတာပါ"

"အခုလိုသတိတရရှိပေးတော့ ကျေးဇူးတင်ရတာပေါ့။ဒါပေမယ့် မဖြစ်လောက်ဘူးထင်တယ်သက်နိုင်။အစ်မက အရင်လိုလူလွတ်လည်းမဟုတ်တော့ အိမ်မှုကိစ္စကလည်း ဆောင်ရွက်ရသေးတယ်။အစ်မတစ်ချက်အချိန်ညှိကြည့်ဦးမယ်။အဆင်ပြေရင် သက်နိုင်ကို ပြန်ပြောမယ်"

"ဟုတ်ကဲ့ပါမမနု။အဆင်ပြေရင်တော့ ကူညီပေးပါဦး"

           နုသည် ရာထူးကြီးသူလည်းဖြစ်၊အသက်အရွယ်လည်းကွာခြားတာကြောင့် သက်နိုင်ဟာ တရိုတသေဆက်ဆံသည်။ကျိုးနွံသည်။

"ဟုတ်ပါပြီ"

          အပြုံးတွေနဲ့ပြောနေတဲ့နုနဲ့သက်နိုင်ကို သဘောမကျသည့်အကြည့်၊နားမလည်နိုင်သည့်အကြည့်တွေနဲ့ကြည့်နေမိသည့် လူတစ်ယောက်ရှိလေသည်။သက်နိုင်ဆီကို နေ့လည်စာစားဖို့လာခေါ်တဲ့မော်သည် ကားပါကင်မှာကားထိုးရင်း ကော်ရစ်တာ၌ ရယ်မောကာစကားပြောနေသည့် သူနှစ်ဦးကြောင့် ကားပေါ်မှမဆင်းဘဲ အတိုင်းသားကြည့်နေမိသည်။

စကားပြောရာ၌ အပြုံးတွေရစ်ဝဲနေတဲ့ သက်နိုင်ကို အကြောင်းမဲ့စိတ်ဆိုးပြန်သည်။ဒီအပြုံးတွေကို မော်မကြိုက်ပေ။ကိုယ်မဟုတ်တဲ့ တခြားမိန်းမရှေ့မှာ ယခုလိုမျိုး နှစ်ခြိုက်စွာပြုံးနေတာကို မော်မကြည့်ချင်ပေ။စိတ်ထဲ၌ဒေါသတွေလွှမ်းနေသည်မို့ မြင်ရသမျှဟာ ပူလောင်စေသည်။ကော်ရစ်တာပေါ်၌ စကားပြောနေတဲ့သူနှစ်ယောက်ကတော့ သူတို့ကို လူတစ်ယောက်ဒေါသစိတ်တွေနဲ့ကြည့်နေတာကိုတော့ မသိခဲ့ကြပေ။

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now