တစ္ဆယ့္ငါး(U+Z)

765 83 22
                                    

Unicode

မာနနဲ့သိက္ခာကိုတန်ဖိုးထားသည့်မိန်းမတစ်ယောက်ဖြစ်တဲ့
နုသည်တစ်စုံတစ်ယောက်ရဲ့အပြောကြောင့်နဲ့တော့ ဒီမာနနဲ့သိက္ခာကိုအထိခိုက်မခံချင်ပေ။
မော်နဲ့တွေ့ပြီးပြန်လာလာချင်းပင် သက်နိုင်ကိုအရင်ရှာမိသည်။နုဆုံးဖြတ်ချက်တစ်ခုကို အသေအချာချရတော့မည်မဟုတ်ပါလား။

"အန်တီနု"

       ရှာနေသည့်သူကိုမတွေ့သေးဘဲ ဧကရီနဲ့ထိပ်တိုက်တွေ့လေသည်။

"ဧကရီ ဂျူတီဝင်ရမှာလား"

"ဟုတ်တယ်အန်တီနု"

"ဒါနဲ့ ဒေါက်တာသက်နိုင်ကိုတွေ့မိသေးလားဧကရီ"

"ဟို ဒေါက်တာ့ကိုသုံးလွှာမှာတွေ့ခဲ့တယ်။ဧကရီကဂျူတီနဲ့မို့အမြန်လာတာ။ဒေါက်တာက အနောက်မှာကျန်ခဲ့တယ်အန်တီနု"

"ဟုတ်လား။ကျေးဇူးပဲနော် ဧကရီ"

"ဟုတ်။ဧကရီသွားဦးမယ်"

"အေးကွယ်"

             အောက်ထပ်ကိုမဆင်းဖြစ်တော့ဘဲ ထိုနေရာမှာသာ နုစောင့်နေမိသည်။ဖြတ်သွားတဲ့ဆရာဝန်တွေထဲမှာ နုကိုပြုံးမပြတဲ့လူဆိုတာ ရှိကိုမရှိ။

"သက်နိုင်"

"မမနု"

"အစ်မ မင်းကိုပြောစရာရှိလို့စောင့်နေတာ"

"ဟုတ်ကဲ့။ဘာများလဲမမနု"

"သက်နိုင်ကိုအားနာပေမယ့် အစ်မဆေးခန်းဆက်ထိုင်ဖို့ သိပ်အဆင်မပြေတော့ဘူး။အချိန်ကတကယ်အဆင်ပြေတော့ဘူး။အစ်မဆေးခန်းထိုင်လိုက်တော့ အိမ်မှုကိစ္စပိုင်းမှာလည်း အတော်လေးလစ်ဟာသွားတယ်ကွယ်"

"ဟုတ်ကဲ့။ကျွန်တော်နားလည်ပါတယ်မမနု။အားနာနာနဲ့ပဲ သုံးလေးလလောက်ကူညီပေးပါဦး။ကျွန်တော်လည်း လူရှာရဦးမှာမို့ပါ။အဆင်ပြေရင်တော့ မမနုလည်းကူရှာပေးပါဦး"

        သက်နိုင်ဆီမှညဆက်ပြီးဆေးခန်းထိုင်နေရင် မော်ကျေနပ်မှာမဟုတ်ဘူးဆိုတာ နုတပ်အပ်သိသည်။ဘယ်လိုများငြင်းဆန်ရမလဲ။

"အင်း သက်နိုင်ဆေးခန်းက တအားလူကျတော့လည်း အစ်မတကယ်အားနာမိတယ်။အစ်မဘက်ကအဆင်ပြေအောင် ညှိလို့ရရင်တောင် သက်နိုင်ဘက်က အဆင်ပြေရဲ့လား"

"ေမာင့္ၾကင္နာသူ"(Ongoing)Där berättelser lever. Upptäck nu