တစ္ဆယ့္သံုး(U+Z)

780 76 10
                                    

Unicode

ညနေလေးနာရီကတည်းက မောင်အလုပ်ကနေ ပြန်လာခဲ့သော်လည်း အိမ်၌ နုမရောက်သေးပေ။
ဆေးခန်းမထိုင်နဲ့ဟုပြောသော်လည်းမရလို့သာလွှတ်ထားရသည်။ထိုအမျိုးသမီးပင်ပန်းမှာကိုတော့ မောင်တကယ်ကြောက်ရွံ့သည်။
ပြန်လာရင် ညစာအတွက် ပြင်ဆင်ရဦးမည့်နုကို ပင်ပန်းမည်စိုးသဖြင့် ညစာကို ကိုယ်တိုင်ပြင်ဆင်ချင်တာကြောင့် အလုပ်ကနေစောထွက်ခဲ့ခြင်းပင်။

လမ်းမှာလိုအပ်တာတွေဝယ်နေသည်မို့ အိမ်ရောက်ချိန်၌ လေးနာရီပင်ခွဲပြီးနေလေပြီ။
ရောက်ရောက်ချင်းအဝတ်ပင်မလဲဖြစ်သေးဘဲ ထမင်းအိုးကို စတင်တည်လေသည်။ဟင်းအတွက်ဝယ်လာတဲ့ကြက်သားတွေကို ရေစင်စင်ဆေးကာ တစ်ဖက်ရှိဒယ်အိုးထဲထည့်ကာလိုအပ်သည်များထည့်၍ ဆီပြန်သည့်အနေအထားရောက်သည်အထိ တည်ထားလိုက်လေသည်။ကြက်သားဟင်းရမှသာ ပန်းဂေါ်ဖီစိမ်းကိုကြော်မိသည်။ရေခဲသေတ္တာထဲမှာ မနက်ကနုချက်ခဲ့သည့် ပုစွန်ဟင်းလည်းရှိသည်မို့ အထွေအထူးမချက်ဖြစ်တော့ပေ။

အချိန်ဟာ ခြောက်နာရီထိုးဖို့ တစ်ဆယ့်ငါးမိနစ်သာ လိုသည်မို့ ဟင်းရည်အိုးလေးတည်ထားကာ နုအလာကိုစောင့်နေမိသည်။ဟင်းရည်အိုးကျက်သည့်အချိန်၌လည်း နုမလာသေးတာမို့ ခြံထဲမှာထွက်စောင့်မိသည်။အနောက်အရပ်ကနေဝင်ခါးနီးမို့နေလုံးဟာ ပုစွန်ဆီရောင်သမ်းကာ လှနေလိုက်ပုံများ။
နေဝင်ချိန်ကိုကြည့်ရတာချစ်ရတဲ့အမျိုးသမီးရဲ့အလှကိုကြည့်ရသကဲ့သို့ အေးချမ်းလွန်းသည်။

ခြံထဲကိုဝင်လာသည့် ကားလေးကြောင့် မောင်တစ်ချက်ပြုံးမိသည်။ကားလေးကြောင့်ဆိုတာထက် ကားထဲကအမျိုးသမီးကြောင့်ဆိုရင်ပိုမှန်ပေလိမ့်မည်။ကားပေါ်က ဆင်းလာသည့် စိမ်းနုရောင်မြန်မာဝမ်းဆက်နဲ့နုကိုမြင်လိုက်ရမှ ရင်ထဲအေးချမ်းသွားတော့သည်။

"အန်တီပင်ပန်းလာလားဟင်"

"မပင်ပန်းပါဘူးမောင်ရယ်။
ဟောဒီကမောင့်မျက်နှာကလေးကိုမြင်ရတော့ ရင်ထဲကိုအေးချမ်းသွားတာပဲ"

          ပြုံးရယ်ပြီးပြောနေတဲ့ နုပုံစံကလေးနဲ့ နေဝင်ချိန်အလှဟာ ယှဉ်တွဲလို့နေသည်။
ငေးရတဲ့သူတောင်ကြည်နူးစရာကောင်းလွန်းသည်။

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now