တစ်ဆယ့်ခြောက်(U+Z)

840 102 16
                                    

Unicode

မနက်ခင်းနေခြည်စလေးတွေ သက်ရောက်နေတဲ့ အခန်းငယ်လေးထဲ၌ ပကတိနွေးထွေးလို့နေသည်။ကုတင်ဘေးမှာရှိတဲ့ စားပွဲပုလေးပေါ်က နာရီကိုကြည့်မိတော့ ခုနစ် နာရီပင်အနည်းစွန်းနေလေပြီ။ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်နေရှာတဲ့ မောင့်ကိုမနှိုးရက်ပေမယ့်လည်း အလုပ်သွားရမည်မို့ သေချာပေါက်နှိုးရတော့မည်။

"မောင် ကလေးလေး ထတော့လေ"

          နဖူးပေါ်ကိုခပ်ဖွဖွနမ်းပြီးနှိုးသော်လည်း မောင့်ဆီက မည်သည့်အသံမှထွက်မလာဘဲ ငြိမ်သက်နေသည်။အရင်နေ့တွေဆိုရင် ဒီလိုနမ်းရင်ဖြင့် မောင်ခန္ဓာကိုယ်လေးလူးလိမ့်ပြီး မကြာဘဲနိုးလေသည်။ယနေ့တော့ မည်သည့်အသံမှမထွက်ဘဲ မျက်ဝန်းတွေကိုမှိတ်ထားဆဲပင်။

"မောင် ထတော့လေကွယ်"

"အန်.တီ"

          အသံဟာအတော်လေးတိုးဖွနေကာ အားယူခေါ်နေရသည်မို့ နုအတော်လေးထိတ်လန့်သွားသည်။နဖူးပြင်ပေါ်ကို လက်တင်ကြည့်သော်လည်း ကိုယ်ပူတာမျိုးတော့ ရှိမနေပေ။

"မောင် နေမကောင်းလို့လား။ဘာဖြစ်တာလဲတို့ကိုပြော"

"မောင် ခေါင်းတွေတအားမူးနေတယ်။ဆိုင်မသွားနိုင်လောက်ဘူး"

"တအားခေါင်းမူးနေလား။နေပါဦးကွယ်"

         ဆရာဝန်တစ်ယောက်ရဲ့အိမ်ဖြစ်တာမို့ ဆေးပစ္စည်းလည်းအစုံရှိသည်မို့ အပူချိန်တိုင်းသော်လည်း ပုံမှန်အပူချိန်သာ။သွေးဖိအားတိုင်းကြည့်တော့လည်း စိုးရိမ်စရာအခြေအနေမဟုတ်ပေ။ညကဘယ်အချိန်ထိများ အလုပ်လုပ်သလဲမသိ။သေချာသည်က ညအိပ်ရေးပျက်လို့သာ ဖြစ်လိမ့်မည်။

"မောင် အရင်ဆုံးမျက်နှာသစ်လိုက်နော်။တို့မနက်စာနဲ့ဆေးတိုက်မယ်။တို့ကို အားပြုပြီးထလိုက်နော်"

            မောင်နဲ့ယှဉ်လျှင်နုက ပို၍ပင် ခန္ဓာကိုယ်သေးသော်လည်း မောင့်ကိုတော့ နုအသေအချာပင် တွဲထူနိုင်သည်။မျက်နှာသစ်၊သွားတိုက်ပြီးချိန်၌ ကုတင်ခေါင်းရင်းကို ခေါင်းအုံးကလေးချကာ မောင့်ကို ထိုင်စေသည်။မျက်နှာကလေးငြိုးနေလိုက်ပုံများ နုမြင်ရတာပင် စိတ်မကောင်းဖြစ်မိသည်။

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now