ရွစ္(U+Z)

1.1K 74 17
                                    

Unicode

ချစ်ရတဲ့သူမရှိသည့်အခန်းကမောင့်အတွက် တိတ်ဆိတ်ကာ ပျင်းရိဖွယ်ကောင်းလှသည်။ဒီဇိုင်းသစ်ဆွဲမည် ကြံရွယ်ထားသော်လည်း အကောင်အထည်ပင်မဖော်ဖြစ်ပေ။ခုနစ်နာရီသာ ထိုးသွားတယ် ယခုချိန်ထိ မောင်သည်ထမင်းပင်မစားဖြစ်သေး။နုမရှိတဲ့ ထမင်းဝိုင်းမှာ တစ်ယောက်တည်းစားဖို့ မောင့်အတွက်မလွယ်ကူပေ။မောင်သည် နုနဲ့ပတ်သက်ရင်တော့ အချစ်ပိုကာ သိပ်ကို ရူးသွပ်လေသည်။

ဖုန်းမြည်သံလေးကြောင့်သာ အခန်းလေးက စိုပြေလာတော့သည်။မှန်ပြင်ပေါ်က အမည်နာမလေးက မောင့်အတွက် ရင်ဖိုစရာ၊
မြတ်နိုးစရာ၊သဘောကျစရာပင်။ဖုန်းကိုင်ကိုင်ချင်းကြားရသည့်အသံက မောင့်အပြုံးတွေကို လှပစွာ ဖြစ်တည်စေခဲ့သည်။

"မောင် ထမင်းစားပြီးပြီလား"

"မစားရသေးဘူးအန်တီ။မောင်ဗိုက်မဆာသေးလို့"

"မဆာလည်းစားတော့လေကွယ်။တို့တစ်ညလေးမရှိတာနဲ့ ထမင်းစားချိန်တွေတောင် မမှန်တော့ဘူး"

"လွမ်းတယ်အန်တီရယ်။မောင်လေနေရတာ တကယ်အဆင်မပြေဘူး"

"တစ်ညလေးပါပဲမောင်ရဲ့။စောစောအိပ်ရမယ်နော်။မနက်ကျမှတွေ့မယ်။အများကြီးချစ်တယ်မောင်"

"မောင်လည်းအများကြီးချစ်တယ်အန်တီ"

"ဟုတ်ပါပြီ။ဒါပဲနော် တို့ဂျူတီလေးရှိနေလို့"

       မိနစ်ပိုင်းမျှကြားလိုက်ရသည့် အသံသည် အမြဲကြားနေရသော်လည်း ဒီနေ့မှပိုချိုသာနေသလို။ဖုန်းချပြီးသည်နဲ့တရစပ်ကြားနေရသည့် ကားဟွန်းသံကြောင့် ပြတင်းပေါက်မှမောင်ကြည့်လိုက်မိသည်။အနက်ရောင်ကားကြီးက မီးအလင်းရောင်နဲ့မို့ ထင်ရှားနေသည်။ခြံရှေ့မှာ ရောက်သည်နေမို့ ဘယ်သူဘယ်ဝါမှန်းမသိပေမယ့်မောင့်အတွက်အံ့သြစရာ။ကားဟွန်းသံသည် မရပ်မနားကြားရနေသည်က နားပင်ငြီးလာသည်အထိပင်။

ကားဟွန်းသံကြောင့် စားပွဲပေါ်က ဖုန်းမြည်သံကိုပင် သေချာမကြားရပေ။ဖုန်းမှန်ပြင်ကိုကြည့်မိတော့ "မအဉ္ဇလီမော်"ဆိုတာကြောင့် ကိုင်လိုက်လေသည်။

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now