ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်။
ဟိုးရှေးရှေးတုန်းက အရပ်ရှည်ပြီး ခါးသွယ်သွယ်လေးပိုင်ဆိုင်ထားတဲ့ ဥစ္စာပေါ၊ရုပ်ချော
နှင်းလိုစွတ်စွတ်ဖြူနေတဲ့ ဆံပင်အရောင်နဲ့
မင်းသားလေးတစ်ယောက်က
ရည်းစားမရှိဘူးဆိုတာ ဖြစ်နိုင်လား?မဖြစ်နိုင်ဘူးလေ။မဟုတ်ပါဘူး။မဖြစ်သင့်ဘူးလေ။
ဟုတ်တယ်မလား ရှန်ချွမ်းရွေ့ ဆိုတဲ့အနေထားနဲ့တင်
ရည်းစားတစ်ယောက်ကတော့ ဟောဒီလို၊
ဟောဒီလို ရှာနိုင်ရမှာလေ။အရွယ်လေးရောက် အရပ်လေးစထွက်ကတည်းက မားမားအသိအဒေါ်ကြီးတွေက သူ့ကို မြင်တိုင်း "သားလေးက ချောလာလိုက်တာ" ၊
"အရပ်ကြီးအရှည်ကြီးနဲ့ ချောလိုက်တာ"၊
ဆိုတဲ့ ချီးကျူးစကားတွေကြားပြီး ကြီးလာတာ
အခုအရွယ်ထိပဲ။အလယ်တန်းတုန်းက သူငယ်ချင်းတွေနဲ့ တွေ့တိုင်း
"ငါ ကောင်မလေးကလေ" ၊ "ငါ မမ ကလေ"၊
"မနေ့က စကားအတင်းလိုက်ပြောတဲ့ ကောင်မလေးကို" စသည့် အဲလို စကားတွေကြားတိုင်း
ချွမ်းရွေ့ဟာ မျက်လုံး သူငယ်၊နားသူငယ်လေးနဲ့
ဟိုကြည့်ဒီကြည့် နားထောင်ခဲ့ရတာ။သူငယ်ချင်းအချင်းချင်း မဖဲ့ချင်ပေမဲ့ ဘယ်သူကမှ
သူ့လောက်တောင် ပုံမလာတဲ့ သူတွေကြီးပဲ။
ချွမ်းရွေ့ကမ္ဘာမှာ ချွမ်းရွေ့ဟာအချောဆုံး။"ချွမ်းရွေ့ မင်းရော ရည်းစားရနေပြီလား" ဆိုတဲ့
အမေးစကားကိုကြားတိုင်း မချိမသာ ပြုံးပြပြီး ခေါင်းခါငြင်းရင် ဟိုကောင်တွေက ထူးဆန်းသလိုလို၊ သူကပဲ ညံ့သလိုလို
စသည့် အကြည့်တွေနဲ့ကြည့်သေးတာ။"မင်းကမှ တကယ် မားမားဘွိုင်းလေး" ဆိုပြီးလည်း ပြောကြသေး။ ဒီစကားကိုတော့ ချွမ်းရွေ့ မငြင်းမိ။ မားမားကို မချစ်တဲ့ သားဆိုတာ ရှိလို့လား။
ဒါပေမဲ့ ဒီကိစ္စနဲ့ ချွမ်းရွေ့ ရည်းစားမရှိတာက မဆိုင်။
အမှန်တော့ ရည်းစားက မရတာ ကိုယ့်ပေါင်
ကိုယ်လှန်ထောင်းတဲ့ အဖြစ်မရောက်ချင်လို့
ချွမ်းရွေ့က ဘယ်သူဘာပြောပြော ပြုံးပြပြီး
ဆိတ်ဆိတ်နေလိုက်တာကြီးပဲ။
နည်းနည်းတော့ ရည်းစားလေးတော့ လိုချင်တာပေါ့။
****
"ရုပ်ချောတဲ့ သူဖြစ်ရတာလည်း တစ်ချက်မကောင်းဘူး။ငါကို ရည်းစားရှိတယ်ထင်ပြီး
လာမကြိုက်ကြဘူး"