5

660 102 55
                                    

ကိုယ်သ​ဘောကျ​နေတဲ့သူက ကိုယ်ကို
သတိထားမိဖို့ကအ​ရေးကြီးတယ်။
ဒါက ဝူဟွန်းက ချွမ်း​ရွေ့ ကို​ပြောခဲ့ဖူး​​သော စကား။

ရုပ်ရှင်ရုံက ပြန်လာကတည်းက ချွမ်း​ရွေ့သည် ပိုးပန်းနည်း​ပေါင်းစုံကို အင်တာနက်ကရှာကြည့်သည်။ မြင်ရတဲ့ နည်းလမ်း​တွေက သိပ်​တော့
အလုပ်မဖြစ်။

ဂယူဗင်း နဲ့ ပတ်သက်ပြီး ချွမ်း​ရွေ့ ဘာ​တွေသိလဲ
1. နာမည်
2. dating app က acc

ဒါပဲ ဒါပဲ သိတယ်။ချွမ်း​ရွေ့သည် အလန့်တကြား
အိပ်​နေရင်းက ထထိုင်မိသည်အထိ။

ဝူဟွန်းက​နေတစ်ဆင့် သူ့ အစ်မကို ​မေးခိုင်းရင်​ရော
ဒါလည်းမ​ကောင်း။ အဲအစ်မ စကားရှည်ကရှည်နဲ့
​တော်ကြာ ဂယူဗင်းကို သွား​​ပြော​နေမှဖြင့်။

နည်းလမ်း​တွေကို ခက်ခက်ခဲခဲစဥ်းစားလိုက်ရတာ
ချွမ်း​ရွေ့ ဆံပင်အနည်းငယ်​တောင် မည်းသွားသလို။
မှန်​ရှေ့သွားပြီး ဆံပင်​တွေကို ဖြဲရှာကြည့်​တော့
ဆံပင်အမည်း​လေး သုံး၊​လေး​ချောင်း။
ရည်းစားက မရပါဘူးဆိုမှ ဆံပင်အမည်း​တွေက
ထွက်လာပြန်ပြီ။

***
နွား​လေး ဝူး ဝူ

/မင်း မမ ကိုလိုက်တုန်းက
ဘာနည်းလမ်း​တွေသုံးလဲ/

/???/

/ဘာပဲဖြစ်ဖြစ် ငါသုံးတဲ့ နည်းလမ်း​
တွေမသုံးနဲ့လမ်းမှား​ရွေးမိလို့ထင်တယ်
အခုထိ ​ချော့ရတာ မပြီးနိုင်​သေးဘူး/

/ငါ​ပြောမယ် ရည်းစားထားတယ်ဆိုတာ
အပူရှာတာကွ/

/ဝူးမန်း သိတယ်မလား/

​ပြောချင်တာ​ပြော ဆိုချင်တာဆိုသည့် ဝူဟွန်း ​ကြောင့်
ချွမ်း​ရွေ့မှာ စာပြန်ပို့လိုက်ချိန်​တောင်မရလိုက်။

/မင်း ​ပြောတာ​တွေ တစ်ခုမှ
နားမလည်လိုက်​ပေမဲ့မင်း အဆင်မ​ပြေဖြစ်​
နေတာဆိုတာ သိရ​တော့ ၀မ်းသာတယ်/
<😡>

/ဘာလုပ်လုပ် အဆင်မ​ပြေပါ​စေနဲ့ကွာ/

/ထပ်တူပါပဲ သားကြီးရာ/

user@all_of_mylove_for_youWhere stories live. Discover now