နွားလေး ဝူး ဝူ
/ပိတ်ရက် မမ အဆောင်ရှေ့ ဂီတာသွားတီးမယ်/
/နိုး ငါ ချိန်းထားထားတာရှိတယ် မင်းဖေဖေ
ငါက ကင်ဂယူဗင်းနဲ့ ရုပ်ရှင်တူတူ သွားကြည့်တော့မှာ/ချွမ်းရွေ့က စာရိုက်နေရင်းနဲ့တောင် ပြုံးဖြီးချင်စိတ်ကိုထိန်းမရ။ လူတိုင်းရတဲ့အခွင့်ရေးမဟုတ်ဘူးနော်။
/ တကယ်ကြီး? ကင်ဂယူဗင်းက မင်း နဲ့
ကြည့်မယ်ပြောလား//အထင်မသေးနဲ့ မင်းလို မဟုတ်ဘူး၊
အချစ်ကားလေးတွေ တွေ့ရင် ပြောစမ်းပါ/အချစ်ကားလေးတွေကြည့်မယ်၊ပေါက်ပေါက်
ဆုပ်စားရင်လက်ကိုင်မယ်၊ကိုလာတစ်ပုလင်းကို
တူတူသောက်မယ်။ချွမ်းရွေ့က ရုပ်ရှင်တွေထဲမှာ
ပါတဲ့ ဇာတ်၀င်ခန်းတွေအတိုင်း
လုပ်ဖို့ အပြတ်အသတ်ဆုံးဖြတ်ထားသည်။ရှန်ချွမ်းရွေ့ကို ကင်ဂယူဗင်း ပြန်မကြိုက်ဘူးဆိုတာ မဖြစ်နိုင်ဘူးလေ၊ ဒီအနေအထားကြီးနဲ့။
/ငါက ဘာလို့ ပြောရမှာလဲ၊မင်းသားလည်း သေ၊
မင်းသမီးလည်းသေ၊ တစ်ကားလုံးသေတဲ့
ကားကြည့်ပါလား/ချွမ်းရွေ့က စာရိုက်နေတာကို ရပ်ရင်း ဖုန်းချက်ချင်းခေါ်သည်။ ဆဲချင်နေပြီ ဒီကောင်ကို၊
ထိန်းထားလို့မရတော့။ဝူဟွန်းက နှစ်ကြိမ်လောက် ချပစ်အပြီးမှာ
ဖုန်းကိုင်လာသည်။"ဘာလို့ ခဏခဏဆက်နေတာလဲ"
ဝူဟွန်းက မကျေနပ်။
ည ဆိုတာ တီတီတာတာပြောဖို့၊ မင်းနဲ့
ပေါက်ကရပြောဖို့ မဟုတ်ဘူး။"အတည်မေးနေတာ ငါ အရမ်းခေါင်းရှုပ်နေပြီ"
အခုနေများ အပြင်ထွက်သွားရင် ငှက်တွေက
ချွမ်းရွေ့ခေါင်းပေါ် အသိုက်လာဖွဲ့နိုင်တဲ့အထိကို
ရှုပ်ပွနေတာ။"မင်းက ဘယ်လိုကား ကြည့်ချင်တာလဲ"
ဝူဟွန်းက ကူညီပေးဖို့ အရိပ်ယောင်အပြည့်။
အဆုံးထိ ကူပေးတော့လည်း နောင်ဘ၀ရောက်ရင်အချစ်ရေး ကံကောင်းတယ်ပဲ တွေးလိုက်တော့ပါမယ်။