16

488 113 33
                                    

ချွမ်း​ရွေ့သည် ပျင်းပျင်းနဲ့ ဂယူဗင်း  acc ထဲ၀င်ပြီး
ဂယူဗင်း ပုံ​တွေကို react ​ပေး​နေသည်။

ဂယူဗင်းနဲ့ မ​တွေ့ရတာ ၄နာရီ​တောင်ရှိ​နေပြီ။
အ​ရှေ့ကပါ​​မောက္ခ​ရှင်းပြသည့် စာ​တွေကိုလည်း
နားမလည်။ဒီ​နေ့ကျမှ ဝူဟွန်းကလည်း ​
နေ့လည်ကျမှ ​ကျောင်းလာမယ်လို့ ​ပြောသွားသည်။ ဂယူဗင်းမိတ်ဆက်​ပေးသည့် တစ်​ယောက်နဲ့
အဆင်​ပြေ​နေတယ်ဆိုလား မသိ။

ဘာလို့ ငါတစ်​ယောက်တည်းပဲ
အထိီးကျန်​နေရတာလဲမသိ။
ဂယူဗင်းဆီ ဖုန်းဆက်ရင်လည်း ဂယူဗင်း
စာသင်ပျက်ဦးမယ်။အဲ​တော့ ဝူဟွန်းဆီ
ဖုန်းဆက်တာပဲ ​ကောင်းတယ်။
အဲ​ကောင်က​တော့ ဒိတ်လုပ်တာ
ပျက်ချင်ပျက်၊မပျက်ချင်​နေ။

နွားက​လေး ဝူး ဝူ

/​ဟေ့​ကောင်အ​ခြေ​နေဘယ်လို​နေလဲ/

ချွမ်း​ရွေ့သည် အ​ရှေ့က​သင်​နေသည့် ပါ​မောက္ခမျက်နှာကိုလည်း ကြည့်ရ​သေးသည်။
သူ့စာသင်​နေတုန်း ဖုန်းခိုးသုံးတာ မိသွားရင်
ထပ်ပြီး ဆူခံရမှာလည်း​ကြောက်သည်။အရင်ကဆို
ဝူဟွန်းရှိ​တော့ အဆူခံရလည်း သူငယ်ချင်း
နှစ်​ယောက် အ​ဖော်ရှိသည်။အခုအဆူခံရလျှင်
တစ်​ယောက်တည်း နင်းကန် အဆူခံရမှာ။
အဲလိုဆို မဖြစ်။ထို့​ကြောင့်
ဆုံးဖြတ်ချက်တစ်ခုချကာ ဆရာအလစ်ကို
ကြည့်ပြီး  အတန်းထဲက ခိုးထွက်လိုက်သည်။

/ဘယ်အ​ခြေ​အနေလဲ ငါသွား​တောင်
မသွားရ​သေးဘူး တစ်​ယောက်တည်းသွားရမှာ
နည်းနည်းစိတ်လှုပ်ရှားတယ်/

ဒီတစ်​ခေါက်​တော့ ဝူဟွန်းက စိတ်ထဲမှာ ​
သေချာ​နေတယ်လို့ ခံစား​နေရသည်။ညကအိပ်မက်ထဲမှာ​တောင် သူ့အ​ပေါ်ကို ပန်းသီး​တွေပြုတ်ကျလာတယ်လို့ မက်တာ။ပန်းသီးဆိုတာက
အချစ်သင်္ကေတအသီး​လေ၊​သေချာတယ်
ဟိုဖက်မိန်းက​လေးက သူ့အ​ပေါ်​ကြွေကျလာမှာ။

/ဒါဆိုလည်း အို​ကေရင်
အ​ခြေ​နေပြန်ဖုန်းဆက် ငါ​တော့
အိမ်ပြန်ပြီးပဲအိပ်​တော့မယ်/

တစ်​ယောက်တည်း​တော့ စာမသင်ချင်။
အိပ်​နေတာကမှ အကျိုးရှိဦးမည်။

user@all_of_mylove_for_youWhere stories live. Discover now