12

493 102 42
                                    

ချွမ်း​ရွေ့က မ​နေ့က​သောက်ထားတဲ့
ဘီယာတစ်ဗူး​ကြောင့် မနက်နိုးလာ​တော့ သိပ်ပြီး
​မလန်းဆန်း။ ဂယူဗင်းကို ဖွင့်​ပြောခဲ့မှန်း​တော့သိ​ပေမဲ့ ဘာ​တွေ​ပြောခဲ့မိမှန်းမသိ ဒီတိုင်းစိတ်ထဲ​ပေါ်လာတာ​ကို ​လျှောက်နိုပ်ခဲ့ရုံ။

"ဖုန်း​ရော မသိဘူး"

​နောက်ကျိလာတဲ့ ​ခေါင်းကို အသာထား ညက ဘယ်နားကို ပစ်လိုက်မှန်းမသိသည့် ဖုန်းကို ပြန်ရှာရသည်။
ကုတင်​ထောင့်စွန်းနားကပ်​နေသည့် ဖုန်းက ပြန်ဖွင့်လို့မရ​တော့။ ​

"​တော်​သေးတယ် ဖုန်းမကွဲတာ"

ဖုန်းကွဲသွားလို့ ဆိုင်ပို့ရရင် ဂယူဗင်း အ​ဖြေပြန်​ပေးတာကို  မသိလိုက်ရပဲ ​နေမှာ​ပေါ့။အခု​​တော့
အားသွင်းပြီး ​ကျောင်းသွားဖို့ ပြင်ရမည်။
ရည်းစားရ​တော့မယ် ဆိုသည့် စိတ်က ချွမ်း​ရွေ့ကို လန်းဆန်း​စေ​ပေမဲ့ လူက​တော့ အိပ်ချင်​နေတုန်း။

"ငါးမိနစ်​လောက် ထပ်အိပ်လိုက်ရမလား
ထားလိုက်ပါ​တော့ ​ရေချိုးတာပဲ ​ကောင်းတယ်"

ချွမ်း​ရွေ့က တစ်​ယောက်တည်း ဇ​​ဝေဇဝါ။​
ရေ​အေး​ဆေးတစ်နာရီနီးပါးချိုးပြီးပြန်ထွက်လာ​တော့
အားသွင်းထားတဲ့ ဖုန်းက စက်ပွင့်​နေပြီ။
စိတ်ကိုဒုန်းဒုန်းချကာ ဖုန်း noti bar ကို
ကြည့်လိုက်​တော့ ဘာမှမရှိ။ ချွမ်း​ရွေ့က အူလည်လည်​တောင်ဖြစ်သွားရသည်။

"မဟုတ်​သေးဘူး wifi မဖွင့်ရ​သေးလို့​နေမှာ"

​​ရေဓါတ်ကုန်ခမ်းလာသည့် လည်​ချောင်းကို
တစ်ချက်ရှင်းသည်။ ​ရေစင်​အောင်မသုတ်ထားသည့် ခန္ဓာကိုယ်က​တောင် ​ရော​ယောင်ပြီး ​ချွေးပြန်ချင်လာသည်။wifi ဖွင့်ပြီး မျက်စိစုံမှိတ်ထားမိသည်။
တ​တောင်​တောင် နဲ့ တက်လာသည့်
အသံ​တွေက ချွမ်း​ရွေ့ နားထဲ ​ပေါက်ကွဲ​တော့မည့်
မီး​တောင်ထဲက ​ချော်ရည်ပွက်သံ​တွေအလား။
ဂယူဗင်းနဲ့ တူတာတစ်ခုမှမ​တွေ့​တော့ ချွမ်း​ရွေ့
မနက်ခင်းက မသာယာ​တော့။​
ကုတင်​ဘေးမှာ ပုံ့ပုံ့​လေးထိုင်​နေမိသည်။
သွားပြီ အငြင်းခံလိုက်ရပြီ!!! ထွက်မလာသည့် မျက်ရည်​တွေကို ရှိုက်​နေရင်း ကြာလာ​တော့
နှာ​ခေါင်း​တောင်မွှန်လာသည်။
အသည်းကွဲတယ်ဆိုတာ
ဒါမျိုးလားဆိုပြီး ဝူဟွန်း ကို​တောင် ​ပြေးမြင်မိသည်။

user@all_of_mylove_for_youWhere stories live. Discover now