ရုံထဲရောက်သွားချိန်မှာတော့ ချွမ်းရွေ့က
တော်တော်ခြေကုန်လက်ပန်းကျနေသည်။
စိတ်ကူးထဲကလို ပေါက်ပေါက်လည်းတူတူ
မစားချင်တော့။ ပေါက်ပေါက်တစ်ဗူးလုံး နီးပါးကို တစ်ယောက်တည်းစားလိုက်တော့ အီလည်လည်တောင်ဖြစ်ချင်နေသည်။ကိုလာဗူးကြီးလည်း
တစ်ယောက်တည်းနီးပါးပါပဲ။ ဒါတောင် ဂယူဗင်းက
နှစ်ခေါက်၊သုံးခေါက် တောင်းသောက်သေးသည်။ကိုလာတစ်ဗူးသောက်လိုက်ရတဲ့ ကျေးဇူးကြောင့်
သန့်စင်ခန်းသွားဖို့ လိုလာလို့ ဂယူဗင်းရှေ့မှာ
ချွမ်းရွေ့က အရှက်မကွဲရုံတမယ်။ခရက်ရှ်
ရှေ့မှာ သန့်စင်ခန်းသွားချင်တယ်လို့ ပြောရတာ
ဘယ်လောက် အောင့်သီးအောင့်သက်
နိုင်လိုက်လဲနော်။ဒါပေမဲ့လည်း ဂယူဗင်းက
သူပါ သွားချင်တယ်လို့ ပြောလာတော့
သိပ်ပြီးလည်း မရှက်မိပါဘူး။အခုတော့ ရုပ်ရှင်တူတူစကြည့်ရတော့မည်။
"ချွမ်းရွေ့ တကယ်ကြီး တစ်ခုခုစားဖို့
မ၀ယ်တော့ဘူးလား"မီးမှိတ်လိုက်ပြီး ရုပ်ရှင်စဖွင့်တော့မှာမို့လို့
ဂယူဗင်းက အသံတိုးတိုးလေပြောသည်။အရှေ့ကလာတဲ့ အလင်းရောင်ဖျဖျလေးသာ မရှိရင်
ချွမ်းရွေ့က ဂယူဗင်းကို တွေ့မှာတောင် မဟုတ်။"ဗိုက်ပြည့်နေပြီ ပေါက်ပေါက်ဆုပ်က
တော်တော်အီတယ်"ချွမ်းရွေ့က မျက်နှာလေးကိုပါ ရှုံ့မဲ့ပြတော့
ဂယူဗင်းက ခပ်ပါးပါးလေး ပြုံးသည်။
ဘာမှတော့ ဆက်မမေးလာ။သူငယ်ချင်းအချင်းချင်းကြိုက်တဲ့
ကားဆိုတာကိုသာ သိရပြီး ကားနာမည်တောင်
ချွမ်းရွေ့က သေချာမဖတ်ခဲ့ရ။
ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းက စလာကတည်းက
နည်းနည်းလေးလွဲနေပုံပေါ်သည်။ဇာတ်လိုက် နှစ်ယောက်က တက္ကသိုလ်က
အတန်းတူ သူငယ်ချင်းဖြစ်ပြီး အဲလောက်လည်း
မရင်းနှီး စတွဲဖြစ်တာကလည်း ဟိုဘက်က
ဖွင့်ပြောလို့ဖြစ်ပြီး ချစ်တယ်၊ကြိုက်တယ်
တောင်မပါ။ချွမ်းရွေ့က ကြည့်ရင်း မျက်နှာပျက်ချင်လာပြီ။
သူကဖြင့် သူငယ်ချင်းအချင်းချင်းကြိုက်တာ
ဘယ်လောက်ကောင်းကြောင်း ပြပြီး
စည်းရုံးမယ်တွေးထားတာ။
ဘာဇာတ်လမ်းကြီးတုန်း။