ချွမ်းရွေ့သည် မှိုရသည့် မျက်နှာနဲ့
ကျောင်းကိုလာသည်။ဖြတ်သွားသည့် ခွေးလေးကအစ အရင်က ကြည့်မရပါဘူးဆိုသည့်
စီနီယာအဆုံး လိုလိုချင်ချင်ပြုံးပြမိသည်။
ချွမ်းရွေ့အတွက်တော့
ကောင်းကင်ကြီိးကတောင် ပြာလဲ့နေသလို။"ဟေ့ကောင် မြန်မြန်ပြေး မင်းအဖေ
မိုးကရွာမှာလားမသိဘူး မှောင်မည်းနေတာပဲ"အနောက်ကနေ ဘယ်သူအော်လဲဆိုတာ
လှည့်ကြည့်စရာမလို ဝူဟွန်းဆိုတာသေချာသည်။
ချွမ်းရွေ့က အခုမှ ကောင်းကင်ကို မော့ကြည့်မိတော့ အင်း နည်းနည်းတော့ ကောင်းကင်ကြီးက
မည်းနေသလို။"good morning ဟေ့ကောင်"
ချွမ်းရွေ့သည် တစ်ခါမှမပြုံးပြဖူးသော
ဖော်ဖော်ရွေရွေအပြုံးကြီး ပြုံးပြလာသည်။
စိတ်ပျော်နေသည်လေ။"ဘာမှမ good နိုင်ဘူး ဟေ့ကောင် မနက်ထဲက
မိုးရွာနေတာကို မင်းက good နိုင်သေးတယ် "မိုးရွာတဲ့နေ့ဆို လူတွေက စိတ်အခြေနေမကောင်း။
အချိန်အခါမဟုတ်ရွာသည့် မိုးဆို ပိုဆိုးသည်။"နေပါဦး မင်းမျက်ကွင်းတွေဘာဖြစ်"
ဝူဟွန်းသည် ချွမ်းရွေ့မျက်နှာကို အခုမှ
ကြည့်မိသည်။ မျက်နှာက ပြုံးယောင်သန်းနေသော်လည်း မျက်ကွင်းက ပန်ဒါအလား။"ငါ ညက အိပ်ရာ၀င်နောက်ကျသွားလို့
အရမ်းသိသာနေတာလား"အခုမှ ချွမ်းရွေသည် ပြူးပြူးပြဲပြဲ ဘေးက
ဘယ်မေဂျာမှန်းမသိသည့် အခန်းကပြတင်းပေါက်ကို မှန်သဖွယ်အသုံးပြုကာ ကြည့်သည်။အထဲက ကျောင်းသားတွေက ချွမ်းရွေ့တို့ကို အထူးအဆန်းကြည့်လာသည်။"သူများအခန်းရှေ့မှာ လာ
ငါတို့အခန်းရောက်မှကြည့်"ဝူဟွန်း ဆွဲခေါ်ရာနောက်ကို ချွမ်းရွေ့သည်
ကသောကရောပါသွားသည်။
.
.
ရွာချလာသည့် မိုးနဲ့အတူ လူတိုင်း၏
စိတ်အခြေအနေတွေသည် အဆိုးဆုံး။
ကြိမ်ဖန်များစွာ ကြားဖူးသည့် ရင်းနှီးနေသည့်
အသံသည် ဘယ်လောက်ပြောပြော
ခေါင်းထဲမ၀င်သည့် စာတွေကို ရွတ်ဆိုနေသည်။ရာသီဥတု အေးအေးလေးမှာ သားချော့တေးအလား။ထိုသူတွေနဲ့ ခြားနားစွာ ချွမ်းရွေ့သည် မျက်လုံးကိုပြူးလို့ သင်ခန်းစာတွေကို စိတ်ပါ၀င်စားစွာ
လိုက်နားထောင်သည်။ ပါမောက္ခနဲ့ မျက်လုံးချင်း
ဆုံတိုင်းလည်း ပြုံးပြဖို့ မမေ့။ တစ်ခန်းလုံးမှ
တစ်ယောက်တည်းက တက်ကြွနေတော့
ပါမောက္ခသည် သူ့အကြည့်တွေကို ချွမ်းရွေ့
ဆီကိုပို့သည်။ အကျိုးရလဒ်အရ ချွမ်းရွေ့ဘေးက
ဝူဟွန်းက ခိုးငိုက်လို့မရတော့။ဝူဟွန်းအတွက်တော့ ခက်ခဲသည့် အချိန်တွေ ဖြစ်ခဲ့သည်။