13

549 106 79
                                    

ပါ​မောက္ခ ရုံးခန်းထဲ လာထိုင်​နေရ​ပေမဲ့ ချွမ်း​ရွေ့က ပြုံးတုံးတုံး။ ငါးမိနစ် တစ်ခါ ရယ်​နေတာ​ကြောင့်
ဝူဟွန်းက စိုးရိမ်​နေရသည်။
ဒီ​ကောင် လွတ်သွားပြီလားမသိ။

"ပါ​​မောက္ခရုံးခန်း​ရောက်​နေတာ​နော် ကင်ဂယူဗင်း အိမ်​ရောက်​နေတာ မဟုတ်ဘူး မင်းက ဘာဖြစ်​နေတာလဲ ရူးသွားတာ​တော့ မဟုတ်ပါဘူး​နော်"

ဝူဟွန်း သတိကပ်ပြီး ​ဘေး​ရွေ့ထိုင်သည်။
တစ်ခုခုစိတ်ထ​ဖောက်လို့ လာရိုက်​နေရင် ချွမ်း​ရွေ့ လက်လှမ်းမမှီတဲ့​နေရာ​လောက်ထိ။

"ဝူဟွန်း ​​​ဟေ့​ကောင် ဟီးဟီး "

ချွမ်း​ရွေ့က တဟီးဟီး။​မျောက်အုန်းသီးရသလိုမျိုး။
ဆက်ကပ်ထဲက ဂျိုကာ ရယ်သံလိုမျိုး။အ​တော်ကို ကြက်သီးထဖွယ်​ကောင်းလှသည်။

"ဘာ ဘာလဲ ဘာဖြစ်တာလဲ မင်းရုပ်က
အငြင်းခံရလိုက်လို့ ရူးသွားတဲ့ ​အရူးကြ​နေတာပဲ"

"အငြင်းခံရတာ မင်း ငါမဟုတ်ဘူး
လာပြမယ် ကြည့်စမ်းပါ"

ချွမ်း​ရွေ့က ပက်ခနဲ ရန်ပြန်​တွေ့သည်။
ဝူဟွန်းက မ​ကျေနပ်။သို့​သော်လည်း ငြင်းစရာမရှိ။

***
Vin

/တစ်​ယောက်​ယောက်က ဖွင့်​ပြောပြီး
ဘ​လော့သွားတယ် ဆိုတာ
ကိုယ်အ​ပေါ်စိတ်ရှိ​နေလို့မလား?/

/သ​ဘောကျ​ကြောင်း အ​ဖြေပြန်​ပေး
ချင်တယ်ဆိုရင် ဘယ်လိိုလုပ်ရမလဲ
သူ့ကိုလည်း
မလန့်​သွား​စေချင်ဘူး။/

/အကြံ​ပေးပါဦးလား/

***

"​တွေ့လား ​တွေ့လားလို့ ဘာပဲဖြစ်ဖြစ် ငါကို ​ပြောတယ်လို့ပဲ ခံစား​နေရတယ် သူကို ဖွင့်​ပြောထားတာ
ငါပဲ​ ရှိတာ​လေ တခြားတစ်​ယောက်​တော့
မဖြစ်နိုင်​ဘူး ​တွေ့လား ​​ဟေ့​ကောင် ​တွေ့လား
ငါ​ပြောတာမှန်တယ်လို့​ပြော"

ချွမ်း​ရွေ့က အဆက်မပြတ်။ဝူဟွန်းက စိတ်ညစ်လာသည်။

"နားငြီးတယ်ကွာ ငါမြင်တယ် ​​ဟေ့​ကောင်ရ ဒါနဲ့
အဲ app မှာ အဲ acc က မင်းဆိုတာ
သူ မသိဘူးလား"

user@all_of_mylove_for_youWhere stories live. Discover now