ကြိတ်ပြီးသဘောကျနေတဲ့ သူ ဆီကနေ
သက်သာလား အမေးခံလိုက်ရပြီးကတည်းက
ချွမ်းရွေ့က ဒေါင်ဒေါင်မြည်ပြန်ဖြစ်သွားသည်။
ဒါက လူနာနေတာမဟုတ်ဘဲ
နှလုံးသားလေးနာကျင်နေတာ သိသာသည်။ဝူဟွန်းဆီကနေ အကြံဉာဏ်တွေ တောင်းပြီးသွားကတည်းက ချွမ်းရွေ့ ဉာဏ်သည် သုံးဆလောက်အလင်းပွင့်သွားသည်။
ဝူဟွန်းပြောတာတွေဆို မလုပ်သင့်ကြောင်း။
ဒါပေမဲ့လည်းလေ ဝူဟွန်းပြောတာတွေက
မျက်နှာပြောင်တိုက်ရာကျပြီး၊အသုံးမ၀င်တဲ့
နည်းလမ်းတွေ ဖြစ်နေပေမဲ့ ဘာနည်းလမ်းမှ
မရှိတာထက်တော့ အများကြီးပိုသာသည်။အခုလည်း ချွမ်းရွေ့က ကျောင်းစောစောလာပြီး
ဝူဟွန်းကိုရှာနေသည်။စာမေးဖို့တော့မဟုတ် အချစ်ရေးအတွက် အကြံလာတောင်းခြင်းသာဖြစ်သည်။စာနဲ့ ပတ်သက်ရင် ချွမ်းရွေ့က နှစ်ဆို ဝူဟွန်းက
တစ် နောက်ဆုံးကနေစရေရင်။ အဲတော့ အချင်းချင်းအားကိုးလို့မရမှန်းသိသာတာမို့လို့ စာအကြောင်းဆို သူငယ်ချင်းနှစ်ယောက်မပြောမိအောင်နေသည်။"ဘာဖြစ်နေတာလဲ စောစောစီးစီးပြုံးထားစမ်းပါ"
မသိရင် တရုတ်သရဲကြီး အခန်းထဲ
လာထိုင်နေတာကျလို့။"မင်းကရော မျက်နှာရူးလား ဘာလို့ရယ်နေတာလဲ"
မမက ပြန်မချစ်လို့ စိတ်ညစ်ရတဲ့ထဲ ဒီကောင်ကပါ စပ်ဖြဲဖြဲနဲ့ လှောင်နေသလိုခံစားရသည်။
"အချစ်ရူးပဲ ဖြစ်လိုက်ချင်တယ် ကင်ဂယူဗင်းကိုပဲ သိတဲ့ ကင်ဂယူဗင်း အရူးလေး ဟီး ဟီး"
အောက်ဆီဂျင်တွေကုန်သွားရင်တောင်
ဂယူဗင်းရှိနေသရွေ့ အသက်ရှင်နိုင်တယ်လို့
ချွမ်းရွေ့က ခံစားနေရတာ။
မနက်ကထဲက နေမင်းကြီးရော၊လမင်းကြီးရော
သာနေသလို ခံစားချက်မျိုး။ဝူဟွန်းကတော့ စိတ်ပျက်သလို ကြည့်လာပြီး မျက်နှာလွှဲသွားသည်။ ပြိုင်မပြောချင်၊
သူဆို ရူးဖို့ မမ တောင်မရှိတော့ဘူးမလား။