7

633 105 44
                                    


"ဟဲ့ ​ဘယ်သွားမလို့လဲ"

ဧည့်ခန်းထဲမှာ ထိုင်​နေတဲ့ အစ်မ၀မ်းကွဲက
ဝူဟွန်းကိုလှမ်း​မေးသည်။

"ဟို​ကောင်​နေမ​ကောင်းဘူးဆိုလို့
လူနာသတင်းသွား​မေးမလို့"

"အယ် ​ငါရဲ့ရှန်ရွေ့​ရွေ့​လေးလား ဘာဖြစ်တာလဲ"
လုပ်​လက်စအလုပ်ကိုရပ်လိုက်ပြီး စိုးရိမ်တကြီး​မေးသည်။

ဝူဟွန်းက သူ့အစ်မ၀မ်းကွဲကိုကြည့်မရ​ပေ။
တစ်​ယောက်တည်းရှိတဲ့ ​​မောင်၀မ်းကွဲ​လေးကို
ကျ​တော့ ဂရုမစိုက်ဘဲ ချွမ်း​ရွေ့ကိုကျ​တော့
ငါရဲ့ရှန်​ရွေ့​ရွေ့​လေး ဆိုပြီး တုန်​နေလိုက်တာ အမြင်ကတ်မိတဲ့အထိပဲ။

"မသိဘူးဖျား​နေတာလို့​ပြောတာပဲ"

"ဘယ်​လောက်​တောင်ဖျား​နေတာလဲ"
ဒီတစ်​ခေါက်​တော့ အစ်မ၀မ်းကွဲဆီက မဟုတ်ဘဲ ​
ဘေးက ဂယူဗင်းဆီက အသံထွက်လာသည်။

သူတို့ ​​မေဂျာက ဘာပ​ရောဂျက်ရှိလို့ဆိုလားမသိ။
အိမ်မှာ ၃၊၄​ယောက် လာဝိုင်းပြီး ​ဆွေး​နွေး​နေကြသည်။ ဝူဟွန်းမ​လေးစားဘဲ မ​နေနိုင် သူ
နဲ့ ချွမ်း​ရွေ့ဆို ဘာပ​ရော ဂျက်မှမလုပ်။
လုပ်ရလည်း ​​​သေချာမလုပ်။
အိမ်မှာဝိုင်းဖို့မ​ပြောနဲ့ အချက်အလက်​တွေကို​တောင် သူများကိုရှာခိုင်းတာ။

"အဲတာ​တော့ ​သေချာမသိဘူး"

ဝူဟွန်း​သေချာမသိ။ဖုန်းထဲက​နေ
မပွင့်တပွင့်အသံနဲ့ ငါ ဖျား​နေလို့ ဒီ​နေ့
အတန်းမလာဘူးလို့ လှမ်း​ပြောလို့သာ သိရတာ။

မ​သေမှန်းသိ​နေ​တော့ ဒီတိုင်းပစ်ထားလိုက်ချင်​ပေမဲ့လည်း အတန်းမတက်ချင်စိတ်ကများ​တော့ သူငယ်ချင်းကိုသတင်းသွား​မေးမလို့ဆိုပြီး
အိမ်ကို​ပြောကာ အတန်းလစ်ဖို့ ဖြစ်လာသည်။

​***

"အန်တီ ချွမ်း​ရွေ့​နေမ​ကောင်းဘူးဆိုလို့
သား လာကြည့်တာ"

ဝူဟွန်းက​တော့ သူ့အိမ် သူ့ယာလို မီးဖိုခန်းထဲ
တန်း၀င်သွားပြီး ချွမ်း​ရွေ့ အ​မေကိုချွဲ​တော့သည်။သူငယ်ချင်းကို ဂရုစိုက်တဲ့
လူ​ကောင်း​လေးပုံလည်းဖမ်းရင်း။

user@all_of_mylove_for_youOnde as histórias ganham vida. Descobre agora