ချွမ်းရွေ့က ပျင်းနေတာနဲ့ တစ်နေ့တာလုပ်စရာတွေကို ပြန်တွေးမိသည်။ချွမ်းရွေ့ တစ်ရက်တာမှာ လုပ်စရာက သိပ်မရှိ။အတန်းတွင်း ပရောဂျက်တွေ ဘာတွေ
ရှိပေမဲ့ ချွမ်းရွေ့ကတော့ လုပ်ရမယ့်အလုပ်တွေထဲ ထည့်မထား။လုပ်မှမလုပ်ချင်ဘဲ။အခုလည်း ဘား တစ်ခုကို ရောက်နေတာ။
အတိကျပြောရရင်တော့ ဘားအရှေ့မှာ။
၀မ်းမနာသူငယ်ချင်းလေး ဝူဟွန်းက သူ့မမ
မူးနေတာ သွားခေါ်မလို့ဆိုပြီး ချွမ်းရွေ့ကို
အဖော်ခေါ်လာသည်။မလိုက်ဘူးဆိုလည်း မရ။
တစ်ယောက်တည်းဒီလိုနေရာတွေ မသွားရဲဘူး ဆိုပြီး
မျက်နှာငယ်လေးနဲ့ အိမ်အထိလာပြောသေးတာ။မားမားတို့ကတော့ အရေးကြီးကိစ္စထင်ပြီး ချွမ်းရွေ့ကို လိုက်သွားပေးလိုက်ဆိုပြီး အတင်းထိုးထည့်လိုက်သည်။အခုတော့ ညအိပ်အင်္ကျီနဲ့ ဘားရှေ့မှာ ငုတ်တုတ်လေး ထိုင်နေရပြီ။ တော်သေးတယ်
ဒါတောင် တွေ့ရာအပေါ်၀တ်အင်္ကျီကောက်ဆွဲလာလို့ မဟုတ်ရင် လူသားရေခဲတုံးဖြစ်နေလောက်ပြီ။မှတ်ပုံတင်မပါလာတဲ့ ချွမ်းရွေ့က ဘားရှေ့
ငုတ်တုတ်လေး နေနေရချိန် ဝူဟွန်းကတော့
ဘားထဲမှာ မမ ရှာပုံတော်ဖွင့်နေလေသည်။မြန်မြန်တွေ့ပါစေကွာ မဟုတ်ရင် ငါလည်း
ခဲသေတော့မယ်။ရည်းစားကမရ ခရက်ရှ်လေးကလည်း ကြိုက်နေသလိုလို၊မကြိုက်နေသလိုလိုနဲ့
ဘာမှန်းတောင်မသိ၊တစ်ယောက်တည်းရှိတဲ့ သူငယ်ချင်းလေးကလည်း သုံးစားလို့်မရ။
ချွမ်းရွေ့ဘ၀ ခါးသီးလှသည်။ဒါပေမဲ့လည်း
ရုပ်ကလေးကချောနေတော့ တော်သေးတယ်
လို့ ပြောရမလား။တွေးရင်း ဆွေးရင်းနဲ့ ထရပ်ပြီး အနည်းငယ်
လှုပ်ရှားလိုက်သည်။ခြေထောက်လည်း ညောင်း၊
အေးလည်း အေးနဲ့။ဝူဟွန်းအကြောင်း စဥ်းစားမိတိုင်း ချွမ်းရွေ့
ရည်းစားထားရမှာကို စိတ်ကုန်လေပဲ။
အဲတာကြောင့် ချွမ်းရွေ့ ဝူဟွန်းကို
ခေါင်းထဲလုံး၀မထည့်ထား။"ချွမ်းရွေ့?"
ခေါ်သံကြားလို့ လှည့်ကြည့်လိုက်ပြီး
ချက်ချင်းပြန်လှည့်လိုက်သည်။