Part 2 U/Z

3.3K 58 0
                                    

အပိုင်း(၂)

မှောင်ရိပ်နှင့်ပျိုးဦးတို့၏ ဇာတ်လမ်းလေးက ချားစ်ကျွန်းစုတစ်ခုကနေစတင်ပေါက်ပွားခဲ့ပါသည်။

မှောင်ရိပ်သည် ချားစ်ကျွန်းစု၌နေထိုင်ခဲ့သည့် ကျွန်းသားတစ်ယောက်ဖြစ်ခဲ့သည်။

.......

“‌ မှောင်ရိပ် မင်းနိုင်မှာမဟုတ်ဘူးကွ”
“ဖင်ခံလိုက်‌လေ”

ချားစ်ကျွန်း၏ အစဉ်အလာအရ အသက်(၁၈)ပြည့်လျှင် လူပျိုပြိုင်ပွဲလုပ်ရလေသည်။ပြိုင်ပွဲအစဥ်အလာအရသတ်မှတ်ထားသောနေရာမှ ဝါးဖောင်ငယ်တစ်ခုအပေါ်၌ ချိတ်ဆွဲထားသည့်ပန်းကုံးအလံတခုကို အရယူရန်ဖြစ်သည်။သို့အတွက် ပထမအဆင့်သည် ထိုဖောင်ရှိရာဆီကူးခတ်ကာ ဒုတိယအဆင့်သည် ပန်းကုံးအလံကို ယှဉ်ပြိုင်လုယူရန်ဖြစ်သည်။

ပူပြင်းသော အသူရိန်နေမင်း၏အပူရှိန်၊ပြာလဲ့နေသောကောင်းကင်၊ အေးစက်သော ပင်လယ်ရေငန်များနှင့် ဘေးပတ်လည်၌ရှိနေသော စိမ်းစိုသည့် ကျွန်းတောင်တန်းများသည် သဘာဝလောက၏ပန်းချီးကားသဖွယ်ရှိနေသည်။

ကမ်းစပ်၌ ချားစ်ကျွန်းမျိုးနွယ်ဝင်မိန်းမပျိုများသည် ယှဉ်ပြိုင်နေကြသည့် လူငယ်များကို အော်ဟစ်အားပေးလျက်ရှိသည်။
ထိုအထဲမှ အများစုသည် မှောင်ရိပ်အား အားပေးကြလေသည်။

“ကြိုးစားထား! ကြိုးစားထား! မှောင်ရိပ်”

မှောင်ရိပ်သည် အပေါ်ပိုင်းဗလာနှင့်ဖြစ်သည်မို့ ညိုမောင်းသောရင်အုပ်ပိုင်းကြီးမှာထင်းကနဲ၊ ကျစ်လစ်လှသော ကြွက်သားထုထည်များနှင့် ဝမ်းဗိုက်တခွင် အဆီပိုမရှိကာ အမြှောင်းထုထည်လေးများက နေရာယူလျက်ရှိသည်။ အနည်းငယ်ရှည်လျားကောက်ကွေ့နေသော ဆံပင်များကို စီးနှောင်ကာ သိန်းငှက်အသွင်စူးရှသည့်မျက်ဝန်းများမှာ မိမိအစာကို ထိုးစစ်စင်တော့မည့်အသွင် ဖြစ်လို့နေသည်။။

ခေတ္တကြာပြီးသည့်အခါ

“ရေးးးးး”
မှောင်ရိပ်၏လက်ထဲဝယ် ပန်းကုံးအလံကိုရသွားလေသည်။သူသည် ရည်မှန်းချက်ကြီးသလို အရှုံးမပေးသည့် စိတ်ဓါတ်ရှိပြီး အစွဲအလမ်းကြီးသလောက် အငြိုးကြီးသူလည်းဖြစ်သည်။

🔥မှောင်🔥(On Going)Where stories live. Discover now