Part-11 U/Z

993 30 1
                                    

🔥မှောင်🔥

အပိုင်း(၁၁)

“ပျိုး ကိုယ် ပုစွန်ကင်ထားတယ် စား‌ရအောင်”

“......”

ပျိုး ထမင်းကောင်းကောင်းမစားသည်က သုံးရက်ရှိပါပြီ။မှောင်ရိပ်ကို လည်း စကားမပြော၍ မျက်နှာချင်းလည်း မဆိုင်ပါ။
ထို့ကြောင့် မှောင်ရိပ်သည် စိတ်ညစ်နေရပါသည်။

“ပျိုး.....”

ဒီကောင်လေးကို ကြည့်ပြီး ခါးလူကို အသေဆုတ်ဖြဲပစ်ချင်သည်။
အဲ့ကောင်က ပျိုးကို Rape လုပ်လိုက်တာပါ။(sex မလုပ်လိုက်ပါ)
ပိုင်ရှင်ရှိနေတဲ့လူ ကို ထိကပါးရိကပါးလုပ်ပြီး အဝတ်တွေကို ချွတ်ပြီး ဟိုကိုင်ဒီကိုင် လုပ်ခဲ့တဲ့ကိစ္စက ရွံမုန်းစရာအတိ။

ပျိုးရဲ့စိတ်ကတော့ ကိုယ့်ယောက်ျားမဟုတ်တဲ့ တခြားသူက ကိုယ့်ရဲ့လူမြင်မခံတဲ့အရာတွေကို မြင်သွားတော့ ဘယ်လောက်တောင်ရှက်လိုက်မလဲ။

“ပျိုး ကိုယ့်ကို စကားပြန်ပြောပါဦးလား”

တမှိုင်တထွေထွေဖြစ်နေသည့် မျက်နှာလေးက ပင်လယ်ရေပြင်ကိုသာ ငေး၍ကြည့်နေသည်။
ညနေဆည်းဆာချိန်၌ အိပ်တန်းတတ်တော့မည့် ငှက်ကလေးများနှင့် ပင်လယ်ပြင်၌လှုပ်ခတ်နေသော လှိုင်းလုံးကလေးများသည် သဘာဝတရားကြီးနှင့်အညီလှပနေ‌သည်။

ချားစ်ကျွန်းစုကို ဝိုင်းရံထားသော ပင်လယ်ပြင်၌ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းနေကြသည့် ရေလုပ်ငန်းတံငါသည်များက ကမ်းစပ်ရှိ ဝါးအိမ်ကလေး၌ ခြေတွဲလဲချကာ ထိုင်နေသူလေးအား လက်ပြနှုတ်ဆက်ကြသည်။
ဒီကောင်လေး အကြောင်း သူတို့ အနည်းငယ်သိလောက်မည်။

“မှောင်!”

သုံးရက်လုံးလုံး စကားမဆိုသည့် သူက သူ၏ချစ်ရသူ အမည်ကိုတော့ ပင်လယ်ပြင်ကို ကြည့်ရင်း အော်ဟစ်လိုက်သည်။
ထို့ကြောင့် ဝါးအိမ်ထဲက မှောင်ရိပ်သည် အပြေးလွှားထွက်လာသည်။

“ပျိုး ဘာဖြစ်လို့လဲ”

“အဲ့လို ခေါ်နေခဲ့တာ”

ပျိုးကို ဟိုလူ ဂိတ်ဆုံးထိ မလုပ်ခဲ့ပေမယ့်
မှောင် ကိုတော့ မျက်နှာချင်းဆိုင်ရမှာတောင် ရှက်နေပုံရသည်။

🔥မှောင်🔥(On Going)Waar verhalen tot leven komen. Ontdek het nu