Part-13 U/Z

972 28 0
                                    

Part-13

ဝေလီဝေလင်းအချိန်၌ ပင်လယ်ပြင်သို့ ထွက်ခွာရန်ပြင်‌ဆင်နေကြသည့် ရေလုပ်သားတံငါသည်များသည် ကမ်းစပ်က ဝါးအိမ်ကလေးကို စပ်စု၍လှမ်းမျှော်ကြည့်နေကြသည်။ယမန်နေ့ညက အော်သံများကြောင့်ဖြစ်မည်လော။

“ပျိုး”

မှောင်ရိပ်သည် အိပ်စက်နေသူလေး၏နား နားကပ်ကာ တိုးညှင်းစွာပြောသည်။
တစ်ဖက်သို့လှည့်ကာ ပြန်အိပ်သွားသူလေးကို ကြည့်ရင်း မှောင်ရိပ် ပြုံးရယ်မိသည်က ခဏခဏ။

“ပျိုး။ထ‌တော့ ကိုယ်တို့ ဘလွဲ့ဆီ သွားရဦးမယ်လေ”

မှောင်ရိပ် မနေနိုင်စွာ ပျိုး၏နဖူးပြင်လေးအား နမ်းရှိုက်လိုက်သည်။
ကော့ညွှတ်ရှည်လျားနေသည့် မျက်တောင်ကလေးက လှုပ်ရှားစပြုလာတော့ မှောင်ရိပ် မျက်ဝန်းတွေက ပန်းစီ‌ ရောင်နှုတ်ခမ်းတွေကို စိုက်ကြည့်ပြန်သည်။

“မွ...ကျွိ"

“ မင်း ဘာလုပ်တာလဲ ”

“ပေအိပ်နေတာ ဘယ်သူလေးလဲ”

“မှောင်! နော် မနက်အစောကြီးရှိသေးတာ”

ပြောပြောဆိုဆိုနှင့် တစ်ဖက်ပြန်လှည့်ဖို့ လုပ်နေသူလေး၏ မေးဖျားလေးကို မှောင်ရိပ် မိမိရရ ကိုင်လိုက်သည်။

“မင်းကလဲကွာ မနေ့ညက မင်းကြောင့်လည်း ကောင်းကောင်း မအိပ်ရသေးဘူးလေ”

နှုတ်ခမ်းလေးဆူကာ မျက်မှောင်လေးကျုံထားသည့် ပျိူးကိုကြည့်ရသည်ပုံက ကလေးတစ်ယောက် ဂျီကျနေသလိုပင်။

“ဘလွဲ့ဆီ ဧည့်သည်တွေ ရောက်နေတာလေ”

“ဟုတ်လား”

ပျိုးလည်းမသိရပါလား။ဘယ်တုန်းကလဲ။
ပျိုး မယုံသင်္ကာအကြည့်ဖြင့် ကြည့်လိုက်သည်နှင့် မှောင်ရိပ်က သေချာချာစိုက်ကြည့်သည်။

“တကယ်ပြောတာ။
မနက်စာ စားပြီးတာနဲ့ စောစောသွားကြရ အောင် ကိုယ်နေ့လည်ကျ သွားစရာရှိနေလို့”

မှောင်ရိပ်၏ ဘဝက ကျွန်းသားတွေထင်သလို ရိုးရှင်းလှသည့်မဟုတ်။ မှောင်ရိပ် မိခင်ဖြစ်သူက ပြင်သစ်လူမျိုးကို လက်ထပ်ယူထားသည်ကိုတော့ သူတို့သိသည်။

🔥မှောင်🔥(On Going)Tempat cerita menjadi hidup. Temukan sekarang