Part-5 U/Z

1.4K 38 1
                                    

အပိုင်း(၅)

“အားးးးးး”

မှောင်ရိပ်သည် ပျိုး၏အသံကိုကြားသည်နှင့် ကင်လက်စ ပုစွန်များကို ဝါးခွက်ကလေးထဲသို့ ထည့်ကာ အသံလာရာဆီအပြေးနှင်တော့သည်။

“ဘာဖြစ်လို့လဲ”

“မှောင်ရိပ်”

ပျိုးသည် ရေချိုးနေစဲဖြစ်ပြီး ခါးတွင်၌ ပုဆိုးတစ်ထည်သာရှိသည်။သူ၏အပေါ်ပိုင်း၌ ဗလာဖြစ်နေသည့်အတွက် နူးညံပြီးဖြူဝင်းသည့် ရင်အုံပိုင်းနှင့် နီရဲနေသည့် ချယ်ရယ်သီးအစုံဟာလည်း ထင်းကနဲရှိနေသည်။
ပျိုးသည် မှောင်ရိပ်အား တင်းကျပ်စွာဖက်ထားလျက် တစ်စုံတစ်ခုအား ကြောက်လန့်နေဟန်ရှိသည်။

“ဘာဖြစ်လို့လဲ ပြောလေ”

“အဲ့မှာ ကြောက်စရာကြီး”

ပျိုးသည် နံရံအ‌ပေါ်၌ရှိနေသည့်အကောင်တခုအား လက်ညိုးထိုးလျက် မျက်လုံးအား အတင်းမှိတ်ထားလေသည်။

“အဲ့တာ တောက်တဲ့ပါကွာ”

“ဟမ် မသိဘူး ကြောက်တယ်”

ပျိုးသည် မှောင်ရိပ်အား တင်းကျပ်စွာဖက်ထားသည်။

“ဒီလို အတင်းဖက်နေမှတော့ ဘယ်လိုလုပ်ရမှာလဲ”

“ဟမ်”

ပျိုးသည် နားမလည်သောအမူအယာဖြင့်မှောင်ရိပ် မျက်နှာဆီသို့ မော့ကာကြည့်လိုက်သည်။

“ခဏလွှတ်ဦး အဲ့အကောင် ထွက်အောင် ခြောက်လိုက်မယ်”

ပျိုးသည် မှောင်ရိပ်၏စကားကို ကြားသည်နှင့် တင်းကျပ်စွာဖက်ထားမိသည်ကို သတိရ‌လေသည်။သို့နှင့် မှောင်ရိပ်၏ခါး၌ရှိနေသည့် မိမိလက်အစုံအား ဖယ်ခွာလိုက်သည်။

“ရှူးးး ရှူးး”‌

မှောင်ရိပ်သည် ဝါးနံရံ၌တွယ်ကပ်နေသော တောက်တဲ့ အား ခြောက်လန့်နေသည်။သို့သော် ထိုအကောင်သည်ကား တုတ်တုတ်မျှမလှုပ်မယှက်ပေ။
မိုးရာသီနီးလို့လား ဒီအကောင်ရောက်လာတာ။
ဒီမျောက်လောင်းလေးကလည်း အသေကြောက်ပြနေတယ်။
ညနေက နမ်းတာကိုလည်း သတိရပုံမပေါ်။

“ရှူးးးးရှူးးးး”

“အားးးးး”

ပျိုးသည် ထိုအကောင် လှုပ်လာသည်ကို မြင်သဖြင့် လန့်ထိတ်စွာအော်ပြန်သည်။
သူ၏အသံကြောင့် တောက်တဲ့မှာလည်း လန့်ထိတ်စွာဖြင့် နံရံမှ ထွက်ခွာဟန်ရှိသည်။သို့သော် မထင်မှတ်ထားသည်က မှောင်ရိပ်၏ ခေါင်းပေါ်သို့ ကျလာခြင်းဖြစ်သည်။

🔥မှောင်🔥(On Going)Where stories live. Discover now