Part-6 U/Z

1.5K 44 1
                                    

🔥မှောင်🔥

အပိုင်း(၆)

မျက်လုံးများကြိမ်းစပ်နေသလို မူးနောက်နေသည့် ခေါင်းထဲမှ တဆစ်ဆစ် နာကျင်ကိုက်ခဲလျက်။ဝေးဝါးနေသည့် အမြင်အာရုံမှ ရင်းနှီးကျွမ်းဝင်သည့် ပုံရိပ်လွှာတခု။
အနံအာရုံထဲသို့ ဝင်ရောက်လာသည့် သူ၏ရနံ့သင်းလေးများ။
သူ့ကို ပျိုး ချစ်ချင်တယ်။

“နိုးပြီလား”

စိုးရိမ်သည့်မျက်ဝန်းအစုံဖြင့် စကားဆိုလာသည့် မှောင်ရိပ်အား ပျိုး အသာကလေး မော့ကြည့်မိသည်။
ဆူတုန်းက ဒီမျက်နှာလား။
ဟွန့် သေတောင်မခေါ်ဘူး။

“ဘာလဲ ခုထိ စိတ်ကောက်နေတုန်းလား”

“........”

“ကိုယ်က မင်းလေးကို စိတ်ပူလို့ ပြောတာပါကွာ”

ပျိုးသည် မှောင်ရိပ်အား မျက်နှာလွှဲလျက် သူ၏အကြည့်များအားတစ်ဖက်နံရံဆီသို့ပို့ထားလေသည်။မှောင်ရိပ်သည်လည်း စိတ်ကောက်နေသည့်ကလေးဆိုးလေးအား မည်သို့မည်ပုံ ချော့ရမလဲ စဉ်းစားနေလေသည်။

“ခင်ဗျားလေး ကြိုက်တဲ့ပုစွန် ကင်ထားတယ်”

“ဟွန့် ပုစွန် မစားဘူး”

ပျိုးရိပ်သည် သူ၏အကြိုက်ဆုံး ပုစွန်ကိုပင် လက်လွှတ်ခံ စိတ်ကောက်ပြနေလေရဲ့။
သူများကို အများကြီးငိုအောင်လုပ်ထားပြီး
မခေါ်ဘူး။သေတောင် မခေါ်ဘူး။

“လှေ စီးမလား ကိုယ်နဲ့ ပင်လယ်သွားကြမလား”

“........”

မှောင်ရိပ်၏ နောက်ထပ်စကားကြောင့် ပျိုးရိပ်သည် အနည်းငယ်တွေးဝေစဉ်းစားကာ မှောင်ရိပ်ရှိရာတစ်ဖက်ဆီသို့ လှည့်လျက် မယုံသင်္ကာသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်သည်။
သူ တကယ်ပြောတာလား။

“ခင်ဗျားလေး လှေအရမ်းစီးချင်နေတာမဟုတ်ဘူး လား”

“ဒါပေမယ့်.......”

“ကိုယ် မင်းကို လိုက်ပို့ပေးမယ် ကျွန်းပတ်လည်အနှံထိ လိုက်ပို့မယ်”

ပျိုးရိပ်သည် သူ၏နှုတ်ခါးပါးအစုံကို အပေါ်ဘက်သို့ အနည်းငယ်ကော့၍ ပြုံးလိုက်သည်။ သူသည် မှောင်ရိပ်အားလှေစီးဖို့အမြဲပူဆာသော်လည်း မှောင်ရိပ်ကမူ အမြဲမခေါ်တတ်သောကြောင့် လှေစီးဖို့ရာအခွင့်မသင့်ခဲ့ပါ။
နေပါဦး။ငါ လက်လျော့လို့မဖြစ်ဘူး။

🔥မှောင်🔥(On Going)Where stories live. Discover now