Part-14 U/Z

1.3K 35 2
                                    

Unicode

🔥မှောင်🔥

"Comment ça se passe"
အခြေအနေဘယ်လိုလဲ

မှောင် Private ship ပေါ်ရောက်သည်နှင့် အဖေဖြစ်သူ၏လူကို တွေ့တော့ ချက်ချင်းမေးလိုက်သည်။ ပြင်သစ်လူမျိုးကြီးက အနက်ရောင် suit အပြည့်ဝတ်ထားပြီး အဆင့်သင့်ပြင်ထားသည့် အိတ်တစ်လုံးကို ကမ်းပေးရင်း ဘေးဘီကို ဝေ့ကြည့်၏။

"Ils ont traqué Maung Rin
မောင်ရင်ကို သူတို့လိုက်ရှာနေပြီ

"ဘာ!!"

‌ဒီကောင်တွေ က အနံခံရပြီရင် အမဲလိုက်တော့မှာဘဲ။ကျုပ်တစ်ယောက်တည်းက ဘာမှ မဖြစ်ပေမယ့် ဒီကောင်တွေကြောင့် ကျွန်းကလူတွေ မထိခိုက်စေချင်ဘူး။

မှောင် နှင့်ပါလာသည့် ဘလွဲ့က အိတ်ကို ယူ၍ ဖွင့်ကြည့်၏။‌အကြည့်တွေက ချက်ချင်း တောက်ပသွားသလို ‌သပ်သပ်ရပ်ရပ်ထည့်ထားသည့် သေနတ်တစ်လက်ကို ပွတ်သပ်ရင်း။
ဒါလေးကတော့ ငါ့အတွက်ဖြစ်ရမယ်။
ရှေးဟောင်းမကျတကျ လေးလုံးပြူးသေနတ်ကြီးကို ခဝါချပြီး မော်ဒယ်မြင့် စနိုက်ဘာကို သူသဘောခိုက်‌နေ၏။

"ဘလွဲ့ ကျုပ် ဒီကလူတွေနဲ့ ကိစ္စတခုဖြေရှင်းစရာရှိတယ်။ ပျိုးကို ဟိုကောင်နှစ်ယောက်နဲ့ အမြဲပြန်ခိုင်းလိုက်တော့"

"ဖြစ်ပါ့မလား မောင်ရိပ်"

"ကျုပ် သုံးရက်နေရင် အမြန်လိုက်လာခဲ့မယ်ပြောလိုက်"

မှောင် စကားဆုံးအောင်ပြောပြီး ဘလွဲ့လက်ထဲက သေနတ်ထည့်ထားသည့် အိတ်ကို ယူလိုက်၏။ဘေးနားက ခပ်ထွားထွားနဲ့ လူတစ်ယောက်ကို လက်ယှက်ခေါ်ပြီး ဘလွဲ့ကို လိုက်ပို့ဖို့ရန်မှာလေသည်။
မိမိလက်ထဲမှ ရတနာလေးတခု အလုခံရသလို ပုံစံနှင့် ကြောင်အအဖြစ်နေသည့် ဘလွဲ့က မပြန်ချင်ပြန်ချင်နှင့် မှောင်လက်ထဲက အိတ်ကို တစိမ့်စိမ့် စိုက်ကြည့်နေစဲ။

"allons-y"
သွားရအောင်

ခပ်ထွားထွားပြင်သစ်လူက လက်အမူအယာပြ၍ပြောသည်။ပြင်သစ်စကား မတတ်သည့် ဘလွဲ့က မျက်မှောင်ကျုံ၍ထိုလူငယ်ကို ကြည့်ကာ ရှေ့မှ ထွက်သွားလိုက်သည်။
သူ၏စိတ်ထဲမှာတော့ ကြိတ်နိုင်ခဲမရ။
ရတနာလေးရေ နောက်ရက်ပြန်လာတွေ့ပါ့မယ်။

🔥မှောင်🔥(On Going)Where stories live. Discover now