Part-12 U/Z

973 30 2
                                    

🔥မှောင်🔥

အပိုင်း(၁၂)

အအိပ်စက်သူလေးက ဝါးကုတင်လေးပေါ်၌ ကွေးကွေးကလေးဖြင့် မှောင်ရိပ်၏ ရင်ခွင်အတွင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်နေ၏။ မှောင်ရိပ်မှာမူ သူ့အချစ်ကလေး၏ မျက်နှာလေးအား တစိမ့်စိမ့်ကြည့်ကာ အချစ်ပိုနေသည်။
ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေဟာနယ်ထဲမှ စိမ်းသက်သည့်ရနံ့တခုပါလာသည်။ ထိုရနံ့ကို မှောင်ရိပ်ရသည်နှင့် အိပ်ပျော်‌နေသူလေးအား မနိုးစေဖို့ အသာအယာ ထကာ အပြင်ဘက်သို့ထွက်လိုက်သည်။

“ခင်ဗျားတို့က ဘယ်သူလဲ”

ကျွန်းသားတို့၏ ဝတ်စားဆင်ယင်မှုနှင့် အလွန်ကွဲထွက်နေသည့်ပုံစံ။အနက်ရောင် suit ဝတ်ဆင်ထားသူ ကိုကြည့်ပြီး မှောင်ရိပ် စိတ်ထဲမသင်္ကာဖြစ်သွားသည်။
အဖေ့ရဲ့လူတွေမဟုတ်ဘူး။

“Tu viens avec nous”
မင်း ငါတို့နဲ့အတူ လိုက်ခဲ့။

အနက်ရောင် suit ဝတ်ထားသူက French လို ပြောတော့ မှောင်ရိပ်နားလည်သွားသည်။ သူတို့မိသားစုကို ဒုက္ခလိုက်ပေးနေသည့် Mun ဂိုဏ်း။

“Je ne peux pas suivre”
မလိုက်နိုင်ဘူးကွာ။ စောက်ရူး

မှောင်ရိပ် ပြောတော့ ထိုသူက သူ့ဝတ်ရုံအတွင်းဘက်က သေနတ်ကို ထုတ်ယူ၍ ခြိမ်းခြောက်ပြန်သည်။
မှောင်ရိပ်သည် ပျိုးကို မထိခိုက်စေချင်သောကြောင့် ကမ်းခြေအထိ ထိုသူတို့နှင့် လိုက်သွားလိုက်၏။ပြီးမှ ထိုလူတို့ အား မှောင်ရိပ်အလစ်ပြန်ခုခံသည်။ Mun ဂိုဏ်းဘက်က လူအင်အားသာသည်မို့ မှောင်ရိပ် မနိုင်ပါ။သို့သော်

“ခင်ဗျားတို့!!!!”

လှေပေါ်ကနေ ပြေးဆင်းလာသည့် ထက်ယံက မှောင်ရိပ်အား ကူညီပေးမည့်ဟန်အပြည့်။ ထက်ယံက Training ဆင်းထားသည့် Body ရော အတိုက်အခိုက်ရော တော်သည်မို့ ထိုလူတစ်စု ကို မှောင်ရိပ်နှင့် ပေါင်းကာ အနိုင်ယူလိုက်သည်။

$@#&@ (‌ေ-ာက်ချီး သေစမ်း)

သေနတ်ပါသည့် အနက်ရောင် suit နဲ့လူက လှေရှိရာဘက်သို့ လှမ်း၍ပစ်လိုက်သည်။
ထို့နောက် မှောင်ရိပ်ဘက်ကို ပြန်လည့်ကာ ပြောင်း ချိန်ထားသည်။ ထက်ယံမှာမူ လှေပေါ်က သစ်ခကို စိတ်ပူလွန်းသည်မို့ မျက်တောင်မခတ်ဘဲ လှမ်း၍ကြည့်နေစဲ။

🔥မှောင်🔥(On Going)Where stories live. Discover now