🔞Part-7 U/Z

3.5K 43 1
                                    

🔥မှောင်🔥

အပိုင်း(၇)

⚠️Warning part ; Read your own risk.
(ဤအပိုင်းသည် 18ပြည့်ပြီးမှသာလျှင်ဖတ်ရန်သင့်လျော်ပါသည်)

(Parallel world မြန်မာနိုင်ငံမို့ နေရာဒေသကာလ၊မြို့အပိုင်းအခြား တူညီနိုင်မည်မဟုတ်ပါ)

ချားစ်ကျွန်းစုသည် ချောင်းသာကမ်းခြေ၏
ဝန်းကျင်ရှိ ကျွန်းစုများထဲမှ တခုဖြစ်သလို ‌ချောင်းသာနှင့် အတော်အတန်အလှမ်းဝေးသည့် ကျွန်းစုတခုလည်းဖြစ်သည်။
ကျွန်းစုရှိ ကျွန်းသား၊ကျွန်းသူတိုင်းသည်လည်း ရေလုပ်ငန်း၊ယာလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း ကိုယ်စီဖြင့်သာ အသက်မွေးဝမ်းကြသည်။

ချားစ်ကျွန်းစု၏အထင်ကရအဖြစ်ဆုံး ဖြစ်ရပ်ကို ဖန်တီးခဲ့သော သူမှာ မှောင်ရိပ်ဟုသည့် လူသားပင်ဖြစ်သည်။သူ၏ မတူညီကွဲလွဲသည့် မင်္ဂလာအချစ်ရေးကြောင့် ကျွန်းသားတိုင်း ပါးစပ်အဟောင်းသားဖြင့် အံဩရသလို ကျွန်းသူတို့၏ မျက်ရည်သီကာ မနာလိုမှု ၊အားကျမှုတို့ဖြင့် မခံရပ်နိုင်ဖြစ်ကြရသည်။

၁၄.၂.၂၀၁၇

💞မှောင်&ပျိုး💞

"အကျုပ်မှောင်ရိပ်သည် ပျိုးရိပ်အား သက်ထက်ဆုံး ချစ်မြတ်နိုးသွားပါမည်ဟု သစ္စာပြုအပ်ပါသည်"

"ပျိုး လည်း မှောင်ရိပ်ကို သက်ထက်ဆုံးချစ်မြတ်နိုးသွားပါမယ်လို့ သစ္စာပြု ကတိတည်ပါ့တယ်"

မှောင်နှင့်ပျိုးတို့၏ ချားစ်ကျွန်းစုရိုးရာလက်ထပ်ထိမ်းမြားပွဲလေးဖြစ်သည်။
ထိုပွဲအား ဦးဆောင်စီမံပေးသူများမှာ အရီးနျူနှင့် ဘလွဲ့တို့ပင်ဖြစ်သည်။
ကနဦးအစက သူတို့သည် မှောင်ရိပ်အား ယောက်ျားတစ်ယောက်နှင့် ထိမ်းမြားခြင်းမပြုရန် ကန့်ကွက်ခဲ့ပါသော်လည်း

"အရီးနျူ ကျုပ် သူ့ကိုချစ်တယ် သူ မိန်းကလေး မဟုတ်လို့ ယောက်ျားလေး ဖြစ်နေလို့ ချစ်တာမျိုး မဟုတ်ပါဘူး ပျိုးရိပ် ဆိုတဲ့ သူရဲ့ဖြစ်တည်မှုလေးကို ချစ်တာပါ"

"သားရိပ် သေချာစဉ်းစားပါ သူ့က မင်းအတွက် သားသမီးမွေးဖွားပေးနိုင်မှာမဟုတ်ဘူး"

🔥မှောင်🔥(On Going)Wo Geschichten leben. Entdecke jetzt