Part 3 U/Z

2K 43 3
                                    

အပိုင်း(၃)

“ငါ ဘာဖြစ်သွားတာလဲ”
“မင်းကို ရေစပ်နားမှာတွေ့တာ ပြီးတော့ ခေါင်းလည်း ထိခိုက်ထားတယ်”

ကောင်လေးသည် နားမလည်စွာဖြင့် မှောင်ရိပ်အား ခေါင်းကို ဘယ်ရမ်းလိုက် ညာရမ်းလိုက်ဖြင့်စူးစိုက်ကြည့်လေသည်။

“မင်းက”
“ကျုပ်က မှောင်ရိပ် မှတ်ထား”
“မှောင်..ရိပ်”

ကောင်လေးသည် မိမိ၏လည်ကုပ်အား ညာလက်ဖြင့် ပွတ်သပ်လျက် တွေဝေနေဟန်ရှိသည်။

“မင်းက‌တော့ မင်းနာမည်ကို မှတ်မိတယ်နော်”
ဝမ်းနည်းသည့်မျက်ဝန်းများဖြင့် စကားဆိုလာသူအား မှောင်ရိပ် သနားသွားလေသည်။

“ဒီလို လုပ် ကျုပ် မင်းကိုနာမည်ပေးမယ်လေ”
“အင်း”

ကောင်လေးသည် သဘောကျဟန်ဖြင့်ခေါင်းလေး ညိမ့်လိုက်လေသည်။

“အင်းးးး ဒီရေ”
မှောင်ရိပ်သည် ခေတ္တမျှတွေးလျက် ပင်လယ်ပြင်အား ဝေ့ကြည့်ကာဆိုသည်။

“ဟင့်အင်း”
ကောင်လေးသည် ‌ခေါင်းလေးရမ်းလျက်ငြင်းပယ်သည်။

“လှိုင်း”
“ဟင့်အင်း”

မှောင်ရိပ်သည် မည်သည့်နာမည်မျှစဉ်းမရဖြစ်ကာ ဘေးဘီဝန်းကျင်သို့ ကြည့်လျက်စဉ်းစားတွေးတောနေသည်။
သို့နှင့် ကောင်လေးသည် မှောင်ရိပ်၏အနားသို့ ဖြေးညှင်းစွာ ကပ်သွားလေသည်။
မှောင်ရိပ်သည်လည်း တစ်ဖက်ဆီသို့ မျက်နှာပြန်အလှည့်တွင် ကောင်လေး၏မျက်နှာလေးနှင့် ကပ်လျက်အနေအထားရောက်သွားလေသည်။
မှောင်ရိပ်သည် ခေတ္တမျှ ငြိမ်သက်ကာ ကောင်လေး၏မျက်ဝန်းအစုံကို ကြည့်နေမိသည်။

“ပျိုးရိပ်”
“ဟင်”

မှောင်ရိပ်၏ပါးစပ်ဖျားမှ ထင်မှတ်မထားသည့် နာမ်စားထွက်သွားခြင်းဖြစ်သည်။သူ့အတွက်ကား တစ်စုံတစ်နေရာမှ မြည်ဟိန်း၍ထွက်ပေါ်လာသည့် အသံတခုဖြစ်ပေသည်။

“ပျိုးရိပ် ငါကြိုက်တယ်”
ကောင်လေးသည်မှောင်ရိပ်အား ကြည့်လျက် သဘောကျစွာ ပြုံးသည်။

“မင်းက မှောင်ရိပ် ငါက ပျိုးရိပ် ဟီးဟီး ငါကြိုက်တယ်”
“ဟင်”

🔥မှောင်🔥(On Going)Where stories live. Discover now