Part 4 U/Z

1.6K 43 1
                                    

အပိုင်း(၄)

“ထည်ဝါ”ကုမ္ဗဏီရုံးခန်းထဲ၌ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျနေသည်အထိ  ‌ဆိုဖာပေါ်၌ ထိုင်နေသောလူကြီးတစ်ယောက်ရှိသည်။ မကြာခဏဆိုသလို သက်ပြင်းချနေလျက် တစ်ခုခုကို အလိုမကျနေဟန်ရှိသည်။

“Boss ”

ရုံးခန်းထဲသို့ တောင့်တောင့်ဖြောင့်ဖြောင့် လူငယ်တစ်ယောက်ကား သုပ်သီးသုပ်ပြာဝင်လာလေသည်။
သူ၏ပုံစံမှာ စိုးရိမ်ကြောင့်ကြမှုများနှင့်သောက ရောက်နေသည်။

“ဘာကိစ္စတုန်း”
“Boss သားကိစ္စ ပါ”

ဦးဂုဏ်ထည်ဝါသည် ထို‌လူငယ်အား သေချာစွာကြည့်လျက် မယုံနိုင်ဖွယ်ဖြစ်နေသည်။

“သူ့သူငယ်ချင်းတွေနဲ့ ကမ်းခြေကိုအပျော်ခရီးသွားတယ် မဟုတ်ဘူးလား ထက်ယံ”

“ဟိုလေ Boss...”

ဦးဂုဏ်ထည် တစ်ယောက် စိတ်မရှည်နိုင်တော့ပါ။
ဒီကောင်လေး ဘာဇယားရှုပ်ပြန်ပြီလဲ။
မကြာခင်လက်ထပ်ရတော့မှာကို။

“ဟိုလေ Boss....”

“ပြောမှာသာ ပြောစမ်း”

“Boss သား မုန်တိုင်းထဲ ပါသွားပြီးပျောက်သွားပါတယ်တဲ့”

“ဘာ”

ဦးဂုဏ်ထည်သည် ထိုင်ရာမှ ထရပ်ကာ ထက်ယံအား ဒေါသမျက်ဝန်းများဖြင့်ကြည့်သည်။

“သူ့သူငယ်ချင်းတွေ ရှာနေပေမယ့် မတွေ့သေးဘူး ပြောပါတယ် Boss”

“ဟာကွာ ဒီကောင်လေးနဲ့ကတော့”

“ကျွန်တော် ကိုယ်တိုင် သွားရှာပေးရမလား Boss”

“သက်ဆိုင်ရာတွေရော အကြောင်းကြားပြီးပြီလား”

“သူ့သူငယ်ချင်းတွေကတော့ ကြားပြီးပြီပြောပါတယ် Boss”

“အဲ့ကောင်လေး ကို မတွေ့တွေ့ အောင်ရှာခဲ့.... ”

“ဟုတ်ကဲ့ပါ Boss..”

“အနီးပတ်ဝန်းကျင် ကျွန်းစုတွေပါမကျန် အကုန်တွေ့အောင်ရှာခဲ့”

“စိတ်ချပါ Boss မတွေ့တွေ့အောင်ရှာခဲ့ပါမယ်”

...........

🔥မှောင်🔥(On Going)Kde žijí příběhy. Začni objevovat