Part-1

3.1K 67 0
                                    


သာယာသော မနက်ခင်းလေးမှာ ရနံ့သင်းသင်းမွှေးပျံ့လှပ၍ ရောင်စုံပန်းများဝန်းရံထားသော ခြံဝင်း၏ အလယ်မှာ တိုက်အိမ်ပု အပြာနုရောင်လေးက ထင်ရှားစွာ မှန်ပြတင်း အခန်းတစ်ခန်းတွင် သီချင်းအေးအေးလေး ဖွင့်ကာ
ကြွေအိုးလေးတစ်လုံးကို ဒေါင်းပုံကို အင်ကြင်းပန်းခိုင်ပေါ်မှာ နားနေသော ပန်းချီကို သွယ်လျဖြူဖွေးသောလက်ကလေးဖြင့် နူးညံ့စွာ ပုံဖော် အလှဆင်နေသော လူငယ်လေးမှာ အပြုံးလေးနှင့်အလုပ်ပေါ်အာရုံစိုက်နေစဉ်

ဒေါက် ဒေါက် ဒေါက်

ကြည်လဲ့သော မျက်ဝန်းလေးများက တံခါးဝဆီသို့လာကာ အကြည့်ခံရသူမှာ ၎င်း၏အလှကြောင့် ခေတ္တခန လောကကြီးရပ်တန့်သွားသလို ငေးနေမိချိန်

ရှောင်းကျန့်- ဘာပြောမလို့လဲ ကျော်စွာ

ကျော်စွာ- ဟို ဟို ဆရာ ဆရာ့ဖုန်းတဲ့ ရုံးခန်းဆီဆက်လို့ အရေးကြီးတယ်လို့ပြောတယ်

ရှောင်းကျန့်-ဟုတ်လား အင်းကျေးဇူးပဲနော် ဆရာသွားလိုက်မယ်

ရုံးခန်းသို့ရောက်သော်
ရှောင်းကျန့်-Hello ရှောင်းကျန့်ပြောနေပါတယ်

လှိုင်သစ္စာ-သား တူလေး ချင်မေ့ ချင်မေ့ မိုက်လုံးကြီးတယ်ကွယ် အဟင့် အီးဟီးးးး

ရှောင်းကျန့်-ဒေါ်လေး လှိုင် ချင်မေ့ဘာဖြစ်လို့လည်း ဗျ

လှိုင်သစ္စာ-အဲ့ဒါတွေ နောက်မှမေးပါ သားရယ် ခုသား ဒီကိုပြန်လာပေးလို့ရမလားဟမ် သားလေး

ရှောင်းကျန့်-ဟုတ် ဒါဆိုသား ညရောက်မယ်နော် သားရောက်မှရှင်းပြတော့ ဟုတ်ပြီလား စိတ်အေးအေးထားနော် ဒေါ်လေးမေ ရော

လှိုင်သစ္စာ- ဆိုင်ခဏသွားနေတယ် သား ပြီးရင်သူပြန်လာမှာပါ သားလေး အမြန် ပြန်လာနော်

ရှောင်းကျန့်-ဟုတ်ကဲ့ ပါ ဒေါ်လေး ဒါဘဲနော်

တီ

ရှောင်းကျန့်-ကျော်စွာ ရေ ကျော်စွာ

ကျော်စွာ-ဗျာ ဆရာ ဘာမှာမလို့လဲဟင်

ရှောင်းကျန့်-ခုဘဲ နေ့လည် ၃နာရီ တောင်ကြီးသွားဖို့ flight လုပ်ထားလိုက်ပါ

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Where stories live. Discover now