Part- 29

713 30 0
                                    


အဆင့်မြင့် အပန်းဖြေစံအိမ်ကြီး၏ အခန်းတစ်ခန်းထဲရှိ
အနီရောင်ကုတင်ပေါ်တွင် အေးချမ်းစွာအိပ်စက်နေသော သူလေးမှာ နိုးလာကာ

ရှောင်းကျန့်- အင်းးးးးးးဟမ်! ဒါဘယ်နေရာကြီးလဲ  ဟင်! သား  သားလေးရော သားလေး

ရှောင်းကျန့်လည်း သားကိုသတိရကာ တံခါးဖွင့်ပြီးအခန်းပြင်ပတွင် ပတ်ရှာနေရင်း ဧည့်ခန်းလိုထင်ရတဲ့ နေရာမှာ လူတစ်ယောက်က မှန်ပြတင်းဘက်ကိုမျက်နှာမူ‌ထားသည်ကိုတွေ့လိုက်ရသည်။

ချွေ့ဖုန်း-နိုးပြီလား ကလေး

ရှောင်းကျန့်-ဘယ်သူလဲ!  ခင်ဗျား ဘယ်သူလဲ ဒီနေရာကရော ဘယ်နေရာလဲ  ကျွန်တော့်သားရော

ချွေ့ဖုန်း-ဟားးးးးးးဖြေးဖြေးမေးပါ ကလေးရယ် ကိုဘယ်သူလဲဆိုတာ သေချာကြည့်ကြည့်ပါအုံး

ပြောရင်း လှည့်ကြည့်လာသောလူကြောင့် ရှောင်းကျန့် အနည်းငယ်ကြောင်နေမိသည်။

ရှောင်းကျန့်- သူဌေးချွေ့ဖုန်း

ချွေ့ဖုန်း-ဟုတ်တယ် ကိုပါ ကလေးရယ် ဘာလန့်စရာပါလို့လည်းကွ

ရှောင်းကျန့်- သူဌေးကဒီကိုဘယ်လိုရောက်နေတာလဲ ကျွန်တော့်ကိုရော ဘယ်သူခေါ်လာတာလဲ ကျွန်တော့်သားလေးရော

ချွေ့ဖုန်း-ထိုင်ပါအုံးလားကွာ တွေ့တုန်းအေးဆေးပြောကြတာပေါ့ ကို အပ်ထားတဲ့ ဒီဇိုင်းလေးတွေ အကျမ်းတောင် မပို့လာဘူးဆိုတော့ ကိုက ကလေးကို စိတ်ပူနေတာ

ရှောင်းကျန့်- အဲ့အတွက်ဘာမှ စိတ်မပူပါနဲ့ နောက်တစ်လမှာ အပြီးသတ်ပြီးပို့ပေးမှာပါ အလုပ်ကိစ္စကို ဖုန်းဆက်ပြောလည်းရပါတယ် ဒါနဲ့ကျွန်တော့်သား ဘယ်မှာလဲ

ချွေ့ဖုန်း-ဟေ့ရောင်တွေ ကလေးကိုခေါ်ခဲ့

လူတစ်ယောက်က ကလေးကို ခေါ်လာတော့
ရှောင်းကျန့်-သား!!

ဝမ်ယွဲ့- မားးးးးး

၂ယောက်လုံးပြေးဖက်ကြရာ ရှောင်းကျန့်က ဝမ်ယွဲ့ပါးလေးတွေကိုနမ်းကာ ချော့နေရှာသည်။

ရှောင်းကျန့်-သား သားဘာဖြစ်သွားလဲဟင် ဘယ်နား နာနေသေးလဲ သား ဟင်
ဝမ်ယွဲ့-ဟင့်အင်းးးသားဘာမှမဖြစ်ပါဘူး မား မားရော အရမ်းနာနေလားဟင်

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Where stories live. Discover now