Part-21

650 30 0
                                    

ရှောင်းကျန့်တစ်ယောက် ဗိုက်ပူပူလေးနဲ့ ခြံထဲမှာ လမ်းလျှောက်ကာ သစ်ပင်အောက်မှာ ခနရပ်လိုက်ပြီး အဆွေးမျက်လုံးလေးများနှင့် ကောင်းကင်ကိုမော့ကြည့်ကာ

ရှောင်းကျန့်-အခုလောက်ဆို ငါ့ကိုမေ့လောက်ရောပေါ့ သား သားလေးဘာမှအားမငယ်နဲ့သိလား ပါးလေ သားရဲ့အမေအဖြစ်ရော အဖေအဖြစ်ပါတာဝန်ယူပြီး အချစ်တွေပေးမယ် သိလားကလေး ဒါကြောင့် ကောင်းကောင်းမွန်မွန် လူ့လောကထဲရောက်လာရမယ်နော် သားကိုတွေ့ချင်နေတဲ့သူတွေအများကြီးဘဲသားရဲ့သိရဲ့လား အမလေး!!!ကန်တယ်ကြည့်စမ်း နောက်လဆို သားလေးက ပါးရင်ခွင်ထဲရောက်လာတော့မှာ ပါးကို ခွန်အားတွေပေးတဲ့သားလေး ကျန်းကျန်းမာမာနဲ့ လာခဲ့နော် ပါးလည်းကြိုးစားနေတယ် ဟုတ်ပြီလား အဟားးးကန်တယ် ဒီကောင်လေး ဘောလုံးသမားများလားကွာ

တစ်ယောက်ထဲ လွမ်းနေပေမယ့် ရင်သွေးလေးရဲ့သတိပေးမှုကြောင့် ရှောင်းကျန့်မှာပြန်စိတ်ပြေကာ ဗိုက်လေးကိုအသာပွတ်ပြီးစကားပြောနေမိချိန် အသံဆာဆာတစ်သံကြားလိုက်ရသည်။

ယွီပင်း-ရှောင်းကျန့်ရေ!!! ကျန့်ကျန့်!!

ရှောင်းကျန့်-ငါဒီမှာ

ကျန်းချန်-အမလေး! ကိုယ်တော်ချော မလာနဲ့အဲ့မှာရပ်နေ ငါတို့လာမယ် အမလေးလေး

ရှောင်းကျန့်-မင်းတို့ကလည်းကွာ အလန့်တကြားနဲ့ဘာဖြစ်လာတာလဲ

ယွီပင်း-ငါတို့မပါဘဲ ထွက်လာရသလားဟ ဘယ်သူမှလည်းမပါဘူး မတော်လို့ချော်လဲဘယ်လိုလုပ်မလဲ မွေးခံနီးဖွားခံနီးကို

ကျန်းချန်-ဟုတ်သားကျန့်ကျန့် ရယ် မင်းငါတို့ကို နှလုံးရောဂါရအောင်လုပ်နေတာလား ခုလမ်းလျှောက်မလို့လား လာငါတို့တွဲမယ်

ရှောင်းကျန့်-အာ ရပါတယ် မင်းတို့ကလည်း

ယွီပင်း-ဘာရတာလည်း ခုနကပုံစံသာ အဘိုးတွေ့ကြည့်ပါလား ငါတို့၂ယောက်လုံးမလွယ်ဘူးဘဲ

ကျန်းချန်-ငါတို့ကို ချစ်ရင် အားမနာပါနဲ့ကွာ နောက်လထိဘဲဟာ ကလေးမွေးပြီးရင် မင်းလုပ်ချင်တာလုပ်ဟုတ်ပြီလား

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Where stories live. Discover now