Part -17

721 27 0
                                    


ဝမ်ရိပေါ်တစ်ယောက် ညသန်းခေါင် Bar ဆိုင်တစ်ဆိုင်မှာမူးနေသည်ကို အဖော်သောက်ပေးနေသူဝမ်ချောင်က ထပ်မသောက်ရန်တားပြီးအကြောင်းစုံမေးရတော့သည်။

(တရုတ်လိုပြောသံ)

ဝမ်ချောင်-တော်တော့ ငါ့ကောင်ရေ မင်းကလည်းဘာတွေစိတ်ညစ်စရာရှိလို့ ဒီလောက်သောက်‌ေနတာလဲ ငါ့ကိုပြော ငါဖြေရှင်းပေးမယ်

ဝမ်ရိပေါ်-အေ့   မင်းဖြေရှင်းပေးမယ် ဟုတ်လားအဟားးးးးးး

ဝမ်ချောင်-ဟေ့ရောင် ငါပြောတဲ့ထဲရီစရာပါလို့လား

ဝမ်ရိပေါ်-မင်းပြောတာရီစရာမပါပေမယ့် ငါ့ကိုယ်တိုင်က ရီအေ့ ရီချင်နေတာ

ဝမ်ချောင်-ဟင်းးးးးသူငယ်ချင်းမင်းဘာဖြစ်လာတာလဲ

ဝမ်ရိပေါ်-ငါလေ ငါ့တစ်သက်မှာ ဘယ်သူ့ကိုမှငါ့နှလုံးသားထဲနေရာမပေးဘူးဖူး ဒါပေမယ့် ဒီညလေ ကျန့်ကျန့်ဆိုတဲ့ အနီရောင်မင်းသမီးလေးကတော့ ငါ့ခွင့်ပြုချက်မရှိဘဲနဲ့ ငါ့နှလုံးသားကို အပိုင်ယူသွားပြီ အဲ့ဒါတင်မကဘူးကွာ ငါ့ဦးနှောက်ထဲမှာ‌ရော ဘဝထဲမှာပါ သူရှိနေပြီ

ဝမ်ချောင်-(မင်းမမူးဘူးဘဲ )အံ့သြစရာပါလား ငါတို့ရဲ့ တကယ့်ကျောက်တုံးနှလုံးသားကိုမှ အသက်သွင်းပေးတဲ့သူလေးကဘယ်လိုပုံစံလေးပါလိမ့်

ဝမ်ရိပေါ်- သူ့မျက်လုံးလေးတွေကကွာ ပြာလဲ့ရွှန်းစိုနေတယ် ပါးလေးတွေဆို ပါးနီလေးနဲ့မိတ်ကပ်ပါးပါးလေးလိမ်းထားပေမယ့် သူ့ရဲ့ပင်ကိုယ်အလှကို ငါပုံဖော်လို့ရတယ် မျက်လုံးဝိုင်းဝိုင်းလေးတွေ နူးညံ့တဲ့ အသားအရည် စံကားပန်းကိုယ်သင်းရနံ့လေး အေးမြချိုသာကြည်လင်တဲ့အသံလေး နောက်ဆုံးကွာ သူ့ရဲ့ ပန်းဆီရောင် နှုတ်ခမ်းပါးအောက်က မှည့်လေးက ငါ့ဘဝတစ်ခုလုံးကိုသိမ်းပိုက်ထားသလိုဘဲ

ရိပေါ် သေချာစဉ်းစားကာပြုံးရင်းပြောပြနေသောကြောင့် ဘေးကဝမ်ချောင်တစ်ယောက် မျက်လုံးပြူးမျက်စံပြူးအံ့သြနေသည်။

ဝမ်ချောင်-ရိပေါ် ဂုဏ်ယူပါတယ်ကွာ

ဝမ်ရိပေါ်-ဟမ် ဘာဆိုင်လို့လဲ မင်းစကားက

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Where stories live. Discover now