Part-19

724 23 0
                                    

ရှောင်းကျန့်  "ကိုကြီးနဲ့ကျွန်တော်တွဲခဲ့တာ ခုဆို ၅လရှိပြီ ခုတလောကိုကြီးအလုပ်တွေရှုပ်နေလို့ဆိုပြီး ဖုန်းလေးဘဲဆက်နှစ်သိမ့်တာ တစ်ပတ်ရှိပြီ လူကိုလည်းမမြင်ရဘူး အရင်တုန်းကဆို ကျောင်းကြိုကျောင်းပို့ သူဘဲ ဘယ်လောက်ထိလဲဆို စာကျက်ဖို့ စာကြည့်တိုက်ထဲ မုန့်တွေဝယ်ပြီး ဘေးမှာအလုပ်လုပ်ပြီးစောင့်နေတာ ဘာလို့အဲ့လောက်ထိ လုပ်နေတာလဲမေးတော့ စိတ်မချလို့တဲ့လေ တားလည်းမရမယ့် သူ့ကို ကျွန်တော်ဘာမှမတားမိတော့ပါ ကျောင်းကလူတွေလဲ ကျွန်တော့်ကို အားကျသူရော မနာလိုတဲ့သူ မုန်းတဲ့သူ စသည်ဖြင့်လူတွေလည်းပေါပါ့ ဒါပေမယ့် ကျွန်တော်သူတို့ကိုအာရုံမစိုက်နိုင်ပါ ကိုကြီးက ကျွန်တော်ကိုတကယ်ချစ်တာ ကျွန်တော်သိတယ် ခုတလော ကိုကြီးမျက်နှာလေးကို မမြင်ရတော့လွမ်းမိသား နေရောကောင်းရဲ့လား အစားကောပုံမှန်စားရဲ့လား  စိုးရိမ်နေရတယ်"

ရှောင်းကျန့်က အိမ်မှာ လွမ်းနာကျနေသလို တစ်ဖက် ယွီလုပ်ငန်းစုရဲ့ ဥက္ကဌ အခန်းမှာတော့ မုန်တိုင်းဝင်နေသည်။

အဘိုးဖြစ်သူမှာ ယွီပင်းကို စာအုပ်တွေ ဘောပင်တွေနဲ့ကောက်ပေါက် ယွီပင်းကလည်းဘယ်ရမလဲ ရှောင်လင်သိုင်းကွက်သုံးပြီး ဆိုဖာနောက်မှာ ကွယ်နေလိုက်တာ အသံတိတ်တော့မှ ခေါင်းလေးဖော်ကြည့်တော့ အဘိုးဖြစ်သူ ဒေါသတရှုးရှုးနဲ့ အလုပ်ခုံမှာထိုင်လိုက်သည်ကိုတွေ့မှ မတ်တပ်ရပ်ကာ သွားဖြဲနဲ့ရီပြရင်း

ယွီပင်း-ဟဲဟဲ အဘိုးစိတ်လျော့ပါဗျာ

ယွီပင်းအဘိုး-မင်းငါ့ကိုအဘိုးလို့မခေါ်နဲ့ ငါမကြားချင်ဘူး မင်းငါ့ကို ဘာမှမပွင့်လင်းတဲ့ကောင် မင်းငါ့ကို မိသားစုဝင်အဖြစ်ကောသတ်မှတ်ရဲ့လား ဟမ်!

ယွီပင်း-အဲ့လိုမပြောပါနဲ့ အဘိုးကလည်း ကျွန်တော်မှ ခေါ်မလာရင် အဘိုးကဖေးလီကျဲနဲ့ပေးစားမယ်ချည်းပြောနေတာကို ဒါကြောင့် ကျွန်တော်ကျန့်ကျန့်ကိုအကူညီတောင်းလိုက်တာ

ယွီပင်းအဘိုး-ဟေ့ရောင် မင်းချစ်သူယောက်ျားလေးမှန်းငါသိလည်း ခုကဆေးပညာထွန်းကားနေတာ ငါလက်ခံပေးနိုင်တယ် လူစားထိုးတာတော့ မဟုတ်သေးဘူးလေကွ ဖေးဟုန်တို့က ကျန့်ကျန့်ကို မင်းလက်တွဲဖော်လို့အသိအမှတ်ပြုပြီးသွားပြီ ကဲဘယ်လိုလုပ်မလဲ

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Where stories live. Discover now