Part-4

1.1K 46 0
                                    


ထမင်းစားခန်းထဲမှာ လေးလေးချစ်ကလည်း ရိပေါ်လက်ထဲက ပန်းကန်ကိုယူရမလို ဒီတိုင်းဘဲ ရပ်နေရမလို ရှေ့က4ယောက် စကားအခြေတင်ဖြစ်နေသော်လည်း ရိပေါ်နဲ့ ရှောင်းကျန့်ကတော့ အသံတိတ် ထို၄ ယောက်ကို ကြည့်နေပြီး ရှောင်းကတော့ မျက်ရည်ဝဲ ခေါင်းငုံ့နေချိန် ရိပေါ်မျက်နှာက အေးစက်ခက်ထန်ကာစားပွဲပေါ်တင်ထားသော လက်က ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း

ချင်မေ့-ကိုလတ် အထင်လွဲနေတာပါချင်မေ့အခုလိုပြောရတာ ကိုကို က အစာအိမ်အောင့်တာနဲ့ယောင်တာဖြစ်တတ်လို့ ငယ်ငယ်ကတည်းက အစပ်ရှောင်တာပါ ချင်မေ့ စော်ကားတာမဟုတ်ပါဘူး

ဝမ်ရိပေါ်- ဒီနေ့ ထမင်းစားဖြစ်အုံးမှာလား
(အေးစက်မာကြောပြီးမတိုးမကျယ် အသံကြောင့် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားရသည်)
ဧည့်သည်ရှေ့မှာ ဧည့်ဝတ်တွေကျေနေလိုက်ကြတာ ငါ့သိက္ခာတွေကို ထည့်တွက်သေးရဲ့လား ဟမ်တော်တော် စည်းလုံးနေကြတယ် အလတ်ကောင် မနက်ဖြန် မနက်၇နာရီ ဖားကန့်မှာ ငါမင်းရှိတာ ကြားပါစေ မရှိလို့ကတော့ ငါ့အကြောင်းမင်းသိစေရမယ်
လေးလေးချစ်

လေးလေးချစ်-ပြော တူလေး
ဝမ်ရိပေါ်-ပန်းကန်လဲပေးပါ ပြီးတော့ ဧည့်သည်နဲ့တည့်တာတွေ ကြိုက်တာတွေ ချက်ပေးထားပါ မသိရင် ချင်မေ့ရှိတယ် ချင်မေ့လည်းပြောပြလိုက်

ချင်မေ့-ဟုတ်ကဲ့ အကိုကြီး
ဝမ်ရှားယွင်-အကိုကြီး ကျွန်တော်
ဝမ်ရိပေါ်- ရှားယွင် မနက်ဖြန် ကုမ္မဏီ ခဏသွားပေး ငါပါလိုက်ခဲ့မယ် ၈နာရီ ရောက်ပါစေ

ဝမ်ရှားယွင်-ဟုတ် အကိုကြီး

ရိပေါ်မှာစရာရှိတာမှာပြီး ထမယ်အလုပ်
ဖေးလီ -ရှင် မစားတော့ဘူးလား
ဝမ်ရိပေါ်-ဒီအခြေနေနဲ့ ငါဆက်စားနိုင်မယ်ထင်လား

ရိပေါ် ခပ်ချေချေပြောကာ ထွက်သွားတော့ ဖေးလီက မကျေမနပ်ဖြစ်ပြီးရှောင်းကျန့်တို့ ၃ ယောက်ကို မျက်စောင်းထိုး တောက်ခေါက်ကာ ထွက်သွားသလို ဝမ်လျိုအန်းကလည်း ဇွန်းခရင်းကို စောင့်ချကာ ထိုနည်းတူ ထွက်သွားတော့သည်။

ကျန်ခဲ့တဲ့၃ယောက်မှာတော့

ဝမ်ရှားယွင်-အကိုရှောင် ဘာမှစိတ်ထဲထားမနေနဲ့နော် စားစရာရှိတာစားအားမနာနဲ့ မရီးနဲ့ကိုလတ်က အဲ့တိုင်းဘဲ တည့်တဲ့သူရှားတယ် ခုနကသူတို့ အကို့အပေါ်စော်ကားသလို ဖြစ်သွားတာ တောင်းပန်ပါတယ်

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Tahanan ng mga kuwento. Tumuklas ngayon