Part -24

728 26 0
                                    


အတွင်းရေးမှူး- သူဌေး အဖွဲ့မှူးဝမ်ချောင်ရောက်နေပါတယ်

ဝမ်ရိပေါ်-ဝင်ခိုင်းလိုက်

ဝမ်ချောင်-အေး ရိပေါ် ဘာကိစ္စမို့ တကူးတကခေါ်ရတာလဲ

ဝမ်ရိပေါ်-ငါတို့ ခြေရာခံလိုက်တာ ဦးတည်ချက်မှားနေသလိုဘဲ

ဝမ်ချောင်-မင်းက ဘာကိုပြောချင်တာလဲ

ဝမ်ရိပေါ်-ငါတို့ Key ဆိုတဲ့ကောင်‌ေနာက် လိုက်နေတာမဟုတ်သေးဘူး မင်းမှတ်မိသေးလား ချွေ့ဖုန်းက ငါတို့နဲ့နောက်ဆုံးတွေ့တုန်းကပြောခဲ့တဲ့စကား

ဝမ်ချောင်-ဟမ် ဘယ်စကားလဲကွ

ဝမ်ရိပေါ်-ဟွိုက်ဆန်းတို့ညီနောင်နဲ့စာရင်းရှင်းမယ်ဆိုတာလေကွာ

(ချွေ့ဖုန်း-ဆိုင်တာပေါ့ကွ ငါ့အသက်လေးရဲ့ယောက်ျားတဖြစ် ငါ့အသက်လေးက ကလေးတောင်မွေးထားတယ် အဲ့ကောင်မျိုးစက်ကိုငါနှိပ်စက်ပြမယ်)

ဝမ်ချောင်-သိပြီ ကလေးကိစ္စမလား

ဝမ်ရိပေါ်-အေး ကြားရသလောက် ဟွိုက်ဆန်းရော အကိုကြီးနျဲ့မှာရောက လက်တွဲဖော်မရှိဘူး အရှုပ်ရှင်းကင်းရက်နဲ့ဘယ်က ကလေးကပေါ်လာတာလဲ

ဝမ်ချောင်-ဦးဖေးဟုန်နဲ့ပါ တိုင်ပင်ထားတာဆိုတော့ မဟုတ်မှ ဟေ့ရောင်မင်း သားလေးကိုအဲ့ကောင်လက်ထဲ

ဝမ်ရိပေါ် - တောက်! ဟုတ်လောက်တယ် ဒါပေမယ့် အထင်လွဲရမယ့်ကိစ္စလည်း မဖြစ်ရအောင် တိကျတဲ့သက်သေရှာမှဖြစ်မယ်

ဝမ်ချောင် - ငါတော့ ချွေ့ဖုန်းကိုသံသယဝင်တယ် ခုလောလောဆယ်လည်း ဖေးလီနဲ့အဆက်အသွယ်ရှိတာတွေ ငါ့ကြားနေရတယ်

ဝမ်ရိပေါ် - အဲ့ မိန်းမအကြောင်းငါစိတ်မဝင်စားဘူး ခုသိချင်တာ ငါ့သားကို ချွေ့ဖုန်းနဲ့ပက်သက်မှုရှိလားမရှိလားဘဲ

ဝမ်ချောင်-အေးအေး ဒါဆို ငါစုံစမ်းထားလိုက်မယ် ငါသွားပြီ

ဝမ်ရိပေါ် - အေး  နေအုံး ရော့ သဘက်ခါ အလတ်ကောင်မွေးနေ့ Dinner ရှိတယ် လာခဲ့

ဝမ်ချောင် - Wow လာရမှာပေါ့ ဒါနဲ့ မင်းနဲ့မင်းBaby လေးရော အတူတူပွဲတက်မှာလား

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Where stories live. Discover now