Part-15

698 27 0
                                    


ဝမ်ရိပေါ်"ကျွန်တော် ပွဲထဲစဝင်ကတည်းက လူတွေကြည့်လာတာ သူတို့ကြည့်တာခံရတာစိတ်မဝင်စားပေမယ့် ယွီပင်းနားကသူလေးက အားလုံးထက်ပိုထူးခြားနေတယ် သူလေးကကျွန်တော့်ကိုအံ့သြစရာကောင်းအောင်ဆွဲဆောင်နေသလိုဘဲ တော်ရုံတောင်ရင်မခုန်တဲ့ ကျွန်တော် ဒီလိုဆံရှည်ရိုးရိုးယဉ်ယဉ်လေးကိုမှ စတွေ့ခြင်းရင်ခုန်နေမိတယ် သူလေးကလည်းဗျာ ရင်ခုန်ပါတယ်ဆို ကျွန်တော်ဝင်လာကတည်းက ကြည့်တာ လှလိုက်တဲ့မဒီရယ်"

ရိပေါ်လည်း အတွေးတွေခနဖယ်ကာ ယွီပင်းတို့နားရပ်၍ လူကြီးတွေကိုအရိုအသေပေးလိုက်သည်။

ဝမ်ရိပေါ်- ကျွန်တော်ရောက်ပါပြီ Uncle

ဦးဖေးဟုန်-အင်းးးးဒီမှာ မင်းညီက မင်းကိုကြွားစရာရှိလို့တဲ့

ယွီပင်းအဘိုး- ရိပေါ် အားကျစရာရမယ့်ကိစ္စဖြစ်သင့်ပြီနော်

ဝမ်ရိပေါ်- ဘာများဝမ်းသာစရာနဲ့အားကျစရာများလဲ ဥက္ကဌယွီ

ယွီပင်း အဘိုး-ဒီမှာလေ ယွီပင်းဒီကောင့်ဘေးကသူလေးနဲ့မိတ်ဆက်ပေးမလို့

ရိပေါ် ရင်ခုန်နှုန်းတွေမြှင့်သထက်မြှင့်လာရင်းသူလေးကခေါင်းလေးမော့ အကြည့်ချင်းဆုံတော့ ၂ယောက်သာ ရှက်ကာ ချက်ချင်းမျက်နှာလွဲလိုက်မိသည်။

ယွီပင်း-အကိုရိပေါ် ဒါကကျွန်တော့ချစ်သူ ကျန့်ကျန့်တဲ့  ကျန့် ဒါမောင့်ရဲ့အကိုလို့ပြောလို့ရတဲ့သူ ဝမ်ရိပေါ်တဲ့ ဒီကဦးဖေးဟုန်ရဲ့ အားကိုးရတဲ့ညာလက်ရုံးတစ်ယောက်ပေါ့

ဝမ်ရိပေါ်" သွားပြီ  ရောက်ရောက်ချင်းဆောက်နဲ့ထွင်းလိုက်သလိုဘဲ အတွေးထဲကအချစ်တွေတောင်ရင်ဘတ်ထဲကနှလုံးသားကလက်ခံနေတာ အပြည့်အဝမရှိသေးခင်မှာဘဲ ယွီပင်းစကားကြောင့် ကျွန်တော်ပြိုလဲချင်နေပြီ aww ပိုင်ရှင်ရှိပြီးသားတဲ့လား ကလေးရယ်"

ရိပေါ် ဟန်ဆောင်ပြုံးကာ ယွီပင်းကို ဂုဏ်ပြုစကားဆိုနေမိသည်။
သူလေးက‌တော့ ခေါင်းလေးငုံ့ထားမြဲ ခနလောက်တော့ မျက်နှာလေးသေချာမြင်ချင်မိတယ် ကလေးရယ်

ဝမ်ရိပေါ်-ယွီပင်းက အရွေးတော်လိုက်တာ ခယ်မလေးကလှသားဘဲ

သူလေးကတော့ ရိပေါ်စကားကြောင့်ပြုံးရုံလေးသာပြန်ပြုံးပြသည်။

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Where stories live. Discover now