Part-16

685 26 0
                                    


ကျန့်ကျန့်တစ်ယောက်ရင်ခုန်လွန်းလို့ ပြေးမိပြေးရာပြေးလာတာ ဟိုတယ် အပေါ်ဆုံးထပ် လသာဆောင်သို့ရောက်တော့ လက်ရန်းကို ဘယ်ဘက်လက်ကဆုပ်ကိုင်ရင်း ညာဘက်လက်က ရင်ခုန်နေသောနှလုံးသားလေးပေါ်သို့ တင်ကာ အသက်ကိုမှန်အောင်ရှူရင်း တိုက်ခတ်လာသော လတ်ဆတ်တဲ့လေပြေကို တစ်ဝကြီးရှူသွင်းလိုက်ကာ ရင်ခုန်သံလေး ပုံမှန်ဖြစ်တော့မှ ပြုံးယောင်သန်းရင်းတစ်ကိုယ်တည်း စကားဆိုနေသည်။

ရှောင်းကျန့်-ဟူးးးးးးးးရင်တွေခုန်လိုက်ရတာ တကယ်ဘဲငါ ဟင့်အင်းးးးမဖြစ်သင့်ပါဘူး သူငါ့အဖြစ်မှန်ကိုသာ သိရင် သူ  သူရွံသွားမှာ မရွံရင်တောင် သူရှက်သွားမှာ ငါ့ကိုနာကျည်းတာမျိုး မုန်းတီးတာမျိုး ရွံရှာတာမျိုးငါအဖြစ်မခံနိုင်ဘူး   ခနတာပါလေ ခနတာရင်ခုန်ခြင်းပါ ဟုတ်တယ် ကိုကြီးက ကိုကြီး ဟင်းးးးးးးးးဒီတစ်ညပါဘဲ  ယွီပင်းပြောသလို ငါကတစ်ညတာ ဆင်ဒရဲလားပါဘဲ

ရှောင်းကျန့်သူ့အတွေးနဲ့သူ စကားပြောနေတုန်း နောက်မှ သူ့ကိုယ်ပေါ်သို့နွေးထွေးသောအရာတစ်ခုလွှမ်းခြုံခံလိုက်ရ၍ နောက်လှည့်ကြည့်သော် ရိပေါ်က ပြုံးပြကာ သူ့ကုတ်အင်္ကျီကို ကျန့်ကျန့်အားခြုံပေးရင်း

(တရုတ်လိုပြောသံ)
ဝမ်ရိပေါ်-လေစိမ်းတွေတိုက်နေတယ်လေကွာ ဒီလိုလေးဝတ်ထားတော့မအေးဘူးလား

ရှောင်းကျန့်-ဟို ခနလေညှင်းခံတာပါ အင်္ကျီပြန်ယူလိုက်ပါနော် ကျန့်သွားတော့မယ်

ရှောင်းကျန့် ပြောပြီး ထွက်သွားမယ်အလုပ်ရိပေါ်က ရှေ့ကပိတ်ရပ်ကာတားလိုက်သောကြောင့် ရှောင်းကျန့် အံ့သြသော မျက်လုံးလေးများနှင့်မော့ကြည့်လာသော် ရိပေါ်တစ်ခန မှင်သက်သွားမိသည်။

လပြည့်ညလေးဖြစ်တာကြောင့် လရဲ့အရောင်ဟာ သူလေးမျက်နှာပေါ်သက်ရောက်လာသောကြောင့် လှပမှုဟာ ဘာနဲ့မှ နှိုင်းမရ

ရှောင်းကျန့်- အကို ဖယ် ဖယ်ပေးပါ ကျန့်ကျန့်ပြန် ပြန်ပါရစေ

ဝမ်ရိပေါ်- ပွဲကနေ ရုတ်တရက် ဘာလို့ထွက်ပြေးသွားရတာလဲ ကျန့်ကျန့်

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Where stories live. Discover now