Part-6

1K 40 0
                                    

ည၂ နာရီအချိန်တွင် အိပ်ခန်းတစ်ခန်းမှာရှိုက်သံလေးတွေထွက်နေပြီး ကောင်လေးတစ်ယောက်နောက်ကျောကိုတင်းကျပ်စွာဖက်ထားသော ကောင်လေးတစ်ယောက်လည်းရှိနေပြီး ရှေ့ကကောင်လေးကို နှစ်သိမ့်ပေးနေသည်။

ရှောင်းကျန့်-အဟင့် ဟင့် ဟင့် ရွှတ် ခင်ဗျား သွားတော့ ထွက်သွားတော့ဗျာ

ဝမ်ရိပေါ်-ရှောင်လေး ကိုကြီးတောင်းပန်ပါတယ်ကွာ ဒါပေမယ့် ကိုကြီး ရှောင်လေးအပေါ်ထားတဲ့ သစ္စာတရားက ပြောင်းလဲသွားမှာမဟုတ်ဘူး

ရှောင်းကျန့်- အဟမ်းးး ဘာ ဟားးးးးးးခင်ဗျား ပါးစပ်က ဒီလိုစကားထွက်သေးတယ်လား လွတ်တော့ ဖက်စရာ ဘာမှမလိုဘူး လွှတ်

ဝမ်ရိပေါ်-ရှောင်လေးးးးးး

ရှောင်းကျန့်-မခေါ်နဲ့ မကြားချင်ဘူးပိုဆိုးတာ ခင်ဗျားနှုတ်က ခေါ်တာပိုရင်နာတယ် မခေါ်နဲ့

ဝမ်ရိပေါ်-ဟင်းးးးးးးကောင်းပြီ ကိုကြီးသွားပါ့မယ် ကိုကြီးကိုရှောင်မနေပါနဲ့ အကုန်သိအောင်ပြောလိုက်လို့ရတယ်

ရှောင်းကျန့်-ခင်ဗျား အတိတ်က ကိစ္စဘဲ ပြောလိုက်လေ ကြောက်မယ်ထင်နေလား ဦးဝမ်ရိပေါ်
ခင်ဗျားလို လူလိမ်မဟုတ်တဲ့အတွက်ပိုအပြောခံရဲတယ်

ဝမ်ရိပေါ်- သေချာလား ချင်မေ့သာ သိရင်လက်ခံမယ်ထင်သလား ကိုကြီးနဲ့ရှောင်လေးက ဒီတိုင်းပြီးခဲ့တာမှမဟုတ်တာ အဲ့ညက မှတ်တမ်းလေးတွေ ခုထိ ကိုကြီးဆီမှာရှိသေးတယ် အဲ့ဒါရှောင်လေးသိလား

ရှောင်းကျန့်-ဦးဝမ်ရိပေါ် ခင်ဗျားကတော်တော် ယုတ်မာတဲ့လူဘဲ ကိုယ်ချင်းစာစိတ်တစ်စက်မှမရှိပါလား ကိုယ့်အတွက်ဘဲလိုချင်တာကြည့်တဲ့အတ္တသမား မုန်းတယ် ခင်ဗျားကိုမုန်းတယ်

ဝမ်ရိပေါ်- မုန်း! ရှောင်လေး မုန်းစမ်း ကြိုက်သလောက်မုန်း ရှောင်လေးမုန်းလို့ဝရင် ချစ်ဖို့သာပြင်ထား ကလေးလဲ မဟုတ်တော့ဘူးကွာ စိတ်ကောက်နေတုန်း ချစ်ဖို့ကောင်းလိုက်တာ ကိုကြီးစိတ်ကိုထပ်မဆွနဲ့နော်

ရှောင်းကျန့်-ခင်ဗျား ပိုင်နက်ထဲရောက်နေလို့ဆိုပြီး လက်ခုပ်ထဲကရေတော့အဖြစ်မခံဘူး ခင်ဗျားမှတ်ထားရမှာ ကျုပ်က အရင်က ပျော့ညံ့တဲ့ရှောင်းကျန့် မဟုတ်ဘူးဆိုတာဘဲ ထွက်သွားတော့ခင်ဗျား

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Where stories live. Discover now