Part-18🚨🚨🚨

1K 27 4
                                    


ရိပေါ်နမ်းတာကြာလာတော့ အသက်ရှူကျပ်ကာ ရှောင်းကျန့် ရင်ဘတ်ကိုအသာတွန်းတော့ ရီဝေဝေကြည့်နေသော ရိပေါ်ကြောင့် မျက်လုံးချင်းစုံရမှာတောင် ရှောင်းကျန့်မှာရှက်နေမိသည်။

ရှောင်းကျန့်-ကို ကိုကြီး ဘယ်လိုတွေကြည့်နေတာလဲ ကျွန်တော်မနေတတ်တော့ဘူး

ဝမ်ရိပေါ်-ရှောင်လေး

ရှောင်းကျန့်-ဟင် ဘယ်လို ကိုကြီး

ဝမ်ရိပေါ်-ဘယ်သူမှမခေါ်တဲ့အသုံးနှုန်းလေး ကိုကြီးတစ်ယောက်ဘဲခေါ်မယ် ရတယ်မလား

ရှောင်းကျန့် "ဘယ်လိုတွေတောင် ပြောနေတာလဲ ကိုကြီးရယ် ကျွန်တော့စိတ်တွေကိုအပိုင်သိမ်းဖို့ပါကြိုးစားနေတာလားဟင် "

ဝမ်ရိပေါ်-ရှောင်လေး ကိုကြီးအချစ်ကိုလက်ခံပေး နိုင်မလား ကလေး

ရှောင်းကျန့်-ဟို ဟိုလေ ကိုကြီး ကျွန်တော့ကို စဉ်း စဉ်းစားခွင့်လေးပေးပါနော် ချက်ချင်းကြီးကတော့ မဖြစ်သေးဘူးမဟုတ်လား

ဝမ်ရိပေါ်-စဉ်းစားခွင့် ၃ရက်ပေးခဲ့တယ်လေ ကလေးရယ် ဘာထပ်စဉ်းစားချင်သေးတာလဲ

ရှောင်းကျန့်-ကိုကြီး လွယ်လွယ်နဲ့ရရအောင် ကျွန်တော်က အပေါစားမဟုတ်ဘူး

ဝမ်ရိပေါ်-ကိုကြီးရဲ့အချစ်တွေကလည်း အပေါစားမဟုတ်ဘူး ရှောင်လေး အဲ့ညကတည်းက ကိုကြီး နှလုံးသားကို ရှောင်လေးကိုပေးအပ်လိုက်ပြီသား အဖြစ်မှန်တွေကိုသိတော့ ကိုကြီးသိပ်ပျော်တယ် ရှောင်လေးရဲ့ပိုင်ရှင်ဖြစ်ဖို့ကိုကြီးကြိုးစားပိုင်ခွင့်ရှိပြီ
ရှောင်လေးကို  ကိုကြီးပိုင်ဆိုင်ဖို့ဘာမဆိုကြိုးစားမိမှာ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ရှောင်လေးက ကိုကြီးရဲ့ ဘဝလက်တွဲဖော်ကြင်သူဘဲ

ရှောင်းကျန့်-ကိုကြီးစကားတွေက တစ်ဖက်သတ်ဆန်လိုက်တာ ကျွန်တော့ဘက်ကိုနည်းနည်းတော့ ငဲ့ပေးပါအုံး ကျွန်တော့ဆန္ဒတွေ

ဝမ်ရိပေါ်-ရှောင်လေးရဲ့အဲ့ညက အကြည့်တွေနဲ့ရှက်ပြုံးလေးတွေက ကိုကြီးကိုအဖြေပေးခဲ့တာဘဲဟာ ဘာကိုအထွန့်တက်ရအုံးမှာလဲရှောင်လေး

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Where stories live. Discover now