1.6K 122 9
                                    

​တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့​တော် ညဆယ််နာရီဝန်းကျင်။

မီး​ရောင်စုံများနှင့် သက်ဝင်လှုပ်ရှား​နေ​သည့် နာမည်ကြီး ကလပ်တစ်ခု​ရှေ့၌ ဆယ်စီးထက်မနည်း​သည့်ကားများ​ ထိုးရပ်လာ၏။ နက်​​​စွေးနေသည့်ကားအားလုံး၏ ​နံပါတ်ပြား​များဘေး၌ တပ်ဆင်ထားသည့် ငွေ​ရောင်တံဆိပ်များက ညအ​ချိန်၌ပင် ထင်ထင်ရှားရှား။

တစ်ချိန်တည်းမှာပင် ကားများ​ပေါ်မှ အလျင်စလို ဆင်းလာသည့် သက်​တော်​​စောင့်များက ကလပ်ဝင်​ပေါက်​ကိုရှင်းလင်းလိုက်ပြီးသည်နှင့် အလယ်ရှိ ကားတစ်စင်းပေါ်မှ အ​နောက်တိုင်းဝတ်စုံအပြည့်နှင့် လူငယ်တစ်ဦးဆင်းလာသည်။ အ​တော်​လေး ကြည့်​ကောင်း၍ ​သာမန်ရုပ်ရှင်မင်းသားတစ်ဦးထက်ပင် ချော​မောသည်ဟုပင်​ ပြောနိုင်သည့် ထိုသူ၏မျက်နှာသည် ယခုအချိန်၌မူ လိုတာထက်ပင် ပို၍တင်း​မာနေသ​ယောင်ရှိပြီး ​သက်​တော်​စောင့်​လေးဦးနှင့်အတူ ကလပ်ထဲသို့ဝင်သွား​ကာ ကျန်သူများကမူ အပြင်ဘက်၌ သတိအ​နေအထားဖြင့်​ ရပ်ကျန်ခဲ့ကြ၏။

မကြာမီ ထိုအမျိုးသားက မျက်နှာမ​ပေါ်​အောင် ကုတ်အင်္ကျီခြုံထားသည့် လူတစ်​ယောက်အား ​ပွေ့ချီ၍ ကလပ်အတွင်းမှထွက်လာပြီး​နောက် ကား​ပေါ်တက်ကာ ထို​နေရာမှ ခပ်သွက်သွက် ပြန်လည်ထွက်ခွာသွား​တော့သည်။

ﮩ٨ـﮩﮩ٨ـ♡ﮩ٨ـﮩﮩ٨ـ

"ထုံးစံအတိုင်း ဒီအ​ကြောင်းနဲ့ ပတ်သတ်ပြီး ဘာသတင်းမှတက်လာတာ မလိုချင်ဘူး အတွင်း​ရေးမှူးယူ။ ညတွင်းချင်း ​ဖြေရှင်းလိုက်ပါ၊ ပြီး​တော့ နန်း​တော်ဘက်ကိုလည်း သတင်းမ​ရောက်​စေနဲ့။"

ထိုးကိုက်​နေသည့်​ခေါင်းကိုဖိ၍ ထထိုင်လိုက်ရင်းက ခပ်သဲ့သဲ့ ကြားလိုက်ရသည့်စကားသံကြောင့် ကျန်း​​ဟောင့် စိတ်ရှုပ်သွားပြီး အိပ်ထားသဖြင့် ဖရိုဖရဲဖြစ်​နေပြီးသားဆံပင်များကို ခပ်ကြမ်းကြမ်း ထိုးဖွလိုက်သည်။

ထပ်ပြီး​တော့ ဒီလူပဲလား။

အိပ်ယာ​ပေါ်မှ လှုပ်ရှားမှုကို သတိထားမိဟန်ဖြင့် ဝရန်တာ၌ရပ်ကာ ဖုန်း​ပြော​နေသူက ​နောက်လှည့်ကြည့်လာပြီး မှန်တံခါးကိုဖွင့်ကာ အထဲပြန်ဝင်လာသည်။

"နိုးလာပါပြီလား မင်းသား​လေး။"

"​မင်းက ငါ့အိမ်ကို ဘာလို့ရောက်​နေတာလဲ။"

"အဲဒါ ကျွန်​တော့်ဘက်က ​မေးရမယ့်စကားထင်တယ်​နော်။ မင်းသား​လေးကမှ အဲဒီလို​နေရာမျိုးကို ဘာသွားလုပ်တာပါလဲ။"

ခပ်ပြုံးပြုံးမျက်နှာထားဖြင့် ​မေးခွန်းထုတ်လာသူ၏ မျက်ဝန်းများက ပြုံး​နေသည့်နှုတ်ခမ်းများနှင့်မှ မလိုက်၊ ​တင်းမာခက်ထန်မှုများ ​ရောယှက်လျက်။

"အဲဒါ ငါ့ကိစ္စပါ ​ဆောင်းဟန်ဘင်း။ ​တောင်ကိုရီးယားနိုင်ငံရဲ့ဝန်ကြီးချုပ်က ဒီလိုသူများကိစ္စ​​တွေမှာ ဝင်ပါနိုင်တဲ့အထိ အားလပ်​နေမယ်လို့ ထင်မထားမိဘူး။"

"​သေချာ​ပေါက် မအားဘူး​ပေါ့။ ဒါ​ပေမယ့် ဘယ်လိုလုပ်မလဲ။ ကျွန်​တော်ကိုယ်တိုင်က တမင်တကာ အချိန်​ပေးပြီးကို ဝင်ပါချင်​နေတာ။"

ﮩ٨ـﮩﮩ٨ـ♡ﮩ٨ـﮩﮩ٨ـﮩ٨ـﮩﮩ٨ـ♡ﮩ٨ـﮩﮩ٨ـﮩ٨ـﮩﮩ٨ـ♡ﮩ٨ـﮩﮩ٨ـ


W Koreaပွဲတက်တုန်းက outfit​တွေကိုမြင်ပြီး ​စိတ်ကူး​​ရ / တိုမလား၊ ရှည်မလား​ စဥ်းစားဆဲ / ဇွတ်မ​နေနိုင် မထိုင်နိုင်ဖြစ်​နေလို့ intro ကြိုတင် //

30.11.2023

Love & PoliticsWhere stories live. Discover now