11

667 106 40
                                    

/// လူကုန်ကူးမှု၊ တရားမဝင်ဖမ်းဆီးချုပ်​နှောင်မှု၊ အလိုမတူဘဲညှင်းပန်းနှိပ်စက်မှုတို့ဖြင့် မိဖုရားမင်​ဆောယွန်းအား ဖမ်းဆီး။

/// ကျောင်းတွင်းအနိုင်ကျင့်မှု​ကြောင့် သတ်​သေခဲ့သူမိန်းက​လေးကိုယ်စား မိသားစုမှ အတန်း​ဖော်များကို လူ​သေမှုဖြင့်တရားစွဲဆို၊ သံသယရှိသူများထဲတွင် အိမ်​ရှေ့မင်းသားလည်း ပါဝင်​နေ။

/// ​တော်ဝင်မိသားစုအ​ပေါ် ဆန့်ကျင်ဆန္ဒပြပွဲများ ​​နေရာအနှံ့ထွက်​ပေါ်။

မီဒီယာတိုင်း၊ သတင်းစာမျက်နှာတိုင်း၌ ​နေရာယူထားသည့်​စကားလုံးများ။

ပန်ဒိုရာ​သေတ္တာကိုဖွင့်လိုက်မိသကဲ့သို့ အဆုံးမသတ်နိုင်သည့်​နောက်ဆက်တွဲဖြစ်ရပ်​ပေါင်းများစွာဖြင့် ထိန်းချုပ်မှုကင်းမဲ့​နေသည့်ရက်သတ္တပတ်။ တစ်နိုင်ငံလုံးဗျောင်းဆန်​နေပြီး ​ပြည်တွင်းပြည်ပမှ တော်ဝင်မိသားစုအ​ပေါ် ​ဝေဖန်များမြင့်တက်​နေ၏။ ပြစ်မှုများအားလုံးက ​တောင်ကိုရီးယားလူ့အဖွဲ့အစည်း၏ အတိမ်းအ​စောင်းမခံ​သောစံညွှန်းများနှင့်ငြိ​နေ၍ ပိုဆိုးသည်​။

ဒီရက်ပိုင်း နန်းတွင်းမှမယ်​တော်မိဖုရားကြီးက မကြာခဏလှမ်း​ခေါ်​သော်လည်း ​အ​ကြောင်းပြချက်မျိုးစုံ​ပေး၍ ကျန်း​ဟောင့် မသွားဖြစ်။ ​တရားရင်ဆိုင်ရန်အတွက် အချုပ်ခန်းတွင်ရှိ​နေသည့် မင်​ဆောယွန်းကို​တော့ တစ်​ခေါက်သွား​တွေ့ဖြစ်၍ ​ဆောင်းဟန်ဘင်းကလည်း အတူလိုက်လာသည်။ အ​ရေးကြီးသည့်အမှုအခင်းဖြစ်၍ ​တော်ဝင်စည်းကမ်းထိန်းသိမ်း​ရေးဌာန၏ခွင့်ပြုချက်မပါလျှင် မိသားစုဝင်များပင် ဧည့်​တွေ့ခွင့်မရှိ​ပေ။

​နေ့စဥ်မှီဝဲ​နေကျ​အရွယ်တင်နုပျို​​စေသည့်ဆေးဝါးများနှင့် တစ်ပတ်နီးပါးကင်းကွာသွားသည့် မင်​ဆောယွန်း၏ရုပ်ရည်ကျဆင်းသွားသည်က သိသိသာသာ။ ထွက်​ပေါက်မရှိသည့်စိတ်ဖိစီးမှုများ​ကလည်း အဓိကအ​ကြောင်းအရင်းဖြစ်၍ ထိန်းသိမ်းမှုမရှိသည့်ဆံပင်များက စုတ်ဖွာစပြု​​နေသည်။

"မိဖုရားကို ဒီလိုမြင်ရ​လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ အာ ... အိမ်​ရှေ့စံကလည်း နန်းတွင်းမှာ မစားမ​သောက်ဘဲ ဆန္ဒပြ​နေတယ်တဲ့။ မယ်​တော်မိဖုရားကြီးအမိန့်နဲ့ အခန်းထဲမှာပဲ အကျယ်ချုပ်ထားတယ်လို့ကြားတယ်။ ဆယ်​​ကျော်သက်​အရွယ်လေး​ဆို​တော့လည်း ထိန်းရ​ကျောင်းရခက်သားပဲ"

Love & PoliticsWhere stories live. Discover now