4

677 104 3
                                    

"​ဆောင်းဟန်ဘင်းက ဘယ်လိုလူမျိုးလဲ"

"ထူးထူးဆန်းဆန်းတွေမေးလို့ပါ့လား။ ဘာဖြစ်လို့လဲ အဲဒီက​လေးက ငါတို့မင်းသား​လေး စိတ်​အ​နှောက်အယှက်ဖြစ်​​အောင် ဘာ​တွေလုပ်ထား​သေးလဲ"

"မဟုတ်ပါဘူး။ ကျွန်​တော်က ဒီအတိုင်းသိချင်လို့"

"အဲဒီလိုဆိုရင်​တော့ ထားပါ၊ မဟုတ်ရင် ဒီအဖွားကြီးက မင်းကြီးမျက်နှာလည်း မ​ထောက်နိုင်​ပါဘူး။ သူ့ဟာသူ ဘာကြီးဖြစ်​နေ​နေ တစ်ရက်​လောက်ခေါ်ပြီး ဆုံးမ​ပေးရမှာပဲ"

ဖွားမယ်မယ်၏စကားကို ကျန်း​ဟောင့် ဘာမှပြန်မ​ပြောဘဲ ရယ်သာရယ်​နေလိုက်သည်။

"ဟိုးအရင်နန်းဆက်​တွေကတည်းက ဆောင်းအိမ်​တော်က ​တော်ဝင်မိသားစုရဲ့ သစ္စာအရှိဆုံးအိမ်​တော်ဖြစ်ခဲ့တာ​လေ။ အိမ်​တော်​​ခေါင်း​ဆောင်​တွေ အစဥ်အဆက်က အင်ပါယာရဲ့နန်းရင်းဝန်တွေ​ပေါ့။ ဒါ​ကြောင့် ​နိုင်ငံ​ရေးနယ်ပယ်မှာ သြဇာအကြီးဆုံးပဲ။ ​ခေတ်​တွေ​ပြောင်းလို့ နိုင်ငံ​ရေးစနစ်သစ်​တွေအရကျင်းပတဲ့ ​ရွေး​ကောက်ပွဲ​တွေမှာလည်း ​ဆောင်းမျိုးရိုး​တွေကပဲ အမြဲဦး​ဆောင်ခဲ့တာ"

"​ဆောင်းဟန်ဘင်း .. အဲဒီက​လေးက​တော့ သူ့အ​​ဖေ ဝန်ကြီးချုပ်​ဟောင်းလက်ထက်ကတည်းက ပြည်သူ​တွေကြားမှာ နာမည်ကြီးတယ်။ သူက ရုပ်ရည်​ရော ပညာအရည်အချင်း​ရောက ​ပြောစရာမလိုတဲ့အပြင် စကား​ပြောလည်း ​ကောင်းတာကိုး။ ဒါ​ကြောင့် သူ့အ​ဖေ ဝန်ကြီးချုပ်သက်တမ်းနှစ်ဆက် တာဝန်ထမ်း​​ဆောင်ပြီး အနားယူတဲ့အချိန် အဲဒီက​လေး ​ရွေး​ကောက်ပွဲဝင်ပြိုင်​တော့ ပြိုင်ဘက်​တွေကို မဲအပြတ်အသတ်နိုင်ပြီး အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာခဲ့တာ။ သူ ဝန်ကြီးချုပ်ဖြစ်​တော့ နှစ်ဆယ့်သုံးနှစ်ပဲရှိ​သေးတယ်"

စကား​အများကြီး​ပြောပြီး​​နောက် ​မောသွားပုံရသည့် ဖွားမယ််မယ်ဆီသို့ ဂန္ဓာမာရေ​နွေးကြမ်းပန်းကန်လေး ကမ်း​ပေးလိုက်ရာ အလိုက်သိသည့်က​လေးဟုဆို၍ ​ခေါင်းကိုခပ်ဖွဖွ​ပွတ်ပေးလာသည်။

"အဲဒါ​ကြောင့် ဦးရီး​တော်က သူ့ကို အရမ်းသ​ဘောကျတာထင်တယ်​နော်"

Love & PoliticsOù les histoires vivent. Découvrez maintenant