3

676 102 10
                                    

"2025 အတွက် ကျန်းမာ​ရေးအသုံးစရိတ်ကို ဝမ် ၉၀ ထရီလီယံ၊ စစ်​ရေးအသုံးစရိတ် ဝမ် ၈၀ ထရီလီယံနဲ့ ပညာ​ရေးအသုံးစရိတ်ကို ဝမ် ၈၀.၅ ထရီလီယံအထိ လျာထားပါတယ်"

"​၈၀.၅ ထရီလီယံ ... နောက်​နေတာလား။ အရင်တ​ခေါက် အစည်းအ​ဝေးတုန်းက ပညာ​ရေးဝန်ကြီးကို နှစ်ကုန်ဘတ်ဂျက်တိုး​ပေးမယ်လို့ ကျွန်​တော် ကတိ​ပေးထားခဲ့ပြီးသား​လေ"

"ဒါက ဝန်ကြီးဌာန​အားလုံး ​တောင်းခံလာတဲ့ ဘတ်ဂျက်ပမာ​ဏ​တွေအ​ပေါ် မူတည်ပြီး အချိုးကျခွဲ​ဝေပြီးသားစာရင်း​မို့လို့ ထပ်တိုးမယ်ဆိုရင် ဘတ်ဂျက်မ​လောက်​​တော့ပါဘူး ဝန်ကြီးချုပ်"

ညရှစ်နာရီ​ကျော်​နေပြီဖြစ်​သော်လည်း​ ဝန်ကြီးချုပ်ရုံး ပင်မအစည်းအ​ဝေးခန်းတွင်​တော့ မပြီးပြတ်​သေးသည့်​ဆွေး​နွေးမှုများစွာနှင့် အ​ခြေအတင်ငြင်းခုံ​နေဆဲ။

"ဒါဆိုရင် ​​စစ်​ရေးအသုံးစရိတ်ကို ဝမ် ၆၀ ထရီလီယံအထိ ​လျှော့ချပြီး ပညာ​ရေးအတွက် ဝမ် ၁၀၀ ထရီလီယံအထိ တိုးပေးလိုက်။ ပြီး​တော့ ​အ​မေရိကနဲ့ ဒေသတွင်းပူးတွဲစစ်​ရေး​လေ့ကျင့်မှု​တွေကို ပုံမှန်အတိုင်းဆက်လုပ်ပြီး ပြည်ပက​ လက်နက်တင်သွင်းတဲ့ပမာဏကို​ ​ရှေ့တစ်နှစ်ကထက် ၃၀% ​​လျှော့ချလိုက်ပါ"

"ဒါ​ပေမယ့် ... "

"ဘတ်ဂျက်​လျှော့ချလိုက်တဲ့အ​ပေါ် ကာကွယ်​ရေးဝန်ကြီး စိတ်​ကျေနပ်​အောင် ကျွန်​တော်ကိုယ်တိုင် ညှိနှိုင်း​ပေးမှာမို့လို့ ညွှန်ကြား​ရေးမှူးချုပ်က အဲဒီစာရင်းအတိုင်းပဲ ဘဏ္ဍာ​ရေးဝန်ကြီးဌာနကိုပြန်ပို့​ပြီး မနက်ဖြန် လွှတ်​တော်မှာ အတည်ပြုခိုင်းလိုက်ပါ"

"နားလည်ပါပြီ ဝန်ကြီးချုပ်။ ​နောက်ထပ် နိုင်ငံခြား​ရေးဝန်ကြီးဌာနက တင်ပြလာတဲ့ အစီရင်ခံစာက​ ဂျပန်နိုင်ငံနဲ့​ ရေပိုင်နက်အငြင်းပွားတဲ့ကိစ္စပါ။ ဒီပြဿနာပြန်စလာတာက .... "

တဖန်ပြန်ဂယက်ထလာ​သော ​ရေပိုင်နက်အငြင်းပွားမှုမှာ နှစ်နိုင်ငံအကြား၌ ဆယ်စုနှစ်နှင့်ချီ၍ဖြစ်ပွားခဲ့​သော ပြဿနာဖြစ်၍ အစီရင်ခံစာ၌ တင်ပြထားသမျှကို ဟန်ဘင်း အာရုံစိုက်၍ နား​ထောင်​နေစဥ် အတွင်း​ရေးမှူးယူက အနားသို့ ခပ်သွက်သွက်ချဥ်းကပ်လာသဖြင့် အသာ​ခေါင်းငြိမ့်ပြလိုက်သည်။

Love & PoliticsOnde histórias criam vida. Descubra agora