12

961 114 42
                                    

"ဘာလုပ်တာလဲ ​ဆောင်းဟန်ဘင်း! ညကြီးအချိန်မ​တော် လက်နက်​ကိုင်ပြီး နန်း​တွင်းထဲဝင်တာ ဘာအဓိပ္ပါယ်လဲသိရဲ့လား"

"အာဏာသိမ်းတာ​လေ ကိုယ့်ဘုရင်​လေးရဲ့ .. မင်းစိတ်တိုင်းကျလွှတ်​ပေးထားတာ ​တော်​လောက်ပြီ။ အခု ကိုယ်က ဒီနန်းတွင်းကို​ရော မင်းကိုပါ လာသိမ်းတာ"

"​မင်း! အ​စောင့်​တွေ ဘယ်မလဲ .. လာကြစမ်း!"

ကျန်း​ဟောင့် ​ဒေါသထွက်လွန်း၍ ​တော်ဝင်သက်​တော်​စောင့်တပ်ဖွဲ့ကို လှမ်း​ခေါ်​သော်လည်း တစ်​ယောက်မှ​ရောက်မလာ။ နန်း​ဆောင်အပြင်ဘက်တွင်သာမက ​နေရာအနှံ့နေရာယူထားသည်က သူ တစ်ခါမှမမြင်ဖူးသည့် မျက်နှာစိမ်းလက်နက်ကိုင်များ။ ဘုရင့်နန်း​ဆောင်က ကုန်းမြင့်ထက်၌ရှိသည်ဖြစ်၍ ​ကျန်း​ဟောင့် လေသာ​ဆောင်၌ရပ်ကာ နန်း​တွင်းတစ်ခုလုံးကိုအ​ပေါ်စီးမှကြည့်ရင်း အ​နောက်မှလိုက်လာသူအား မယုံနိုင်သလိုလှည့်ကြည့်မိသည်။

"မင်း တကယ်ပဲ ... "

အာဏာသိမ်းလိုက်တာလား ... ​

အခု​နောက်ပိုင်း သူသိလာရသ​​​လောက် အစိုးရအဖွဲ့တစ်ခုလုံးက ဝန်ကြီးချုပ်ရဲ့သစ္စာခံ​တွေဖြစ်ပြီး ဘုရင်ဆိုတာ သိပ်အ​ရေးမပါတဲ့ကိစ္စ​တွေကို ကိုင်တွယ်ရတဲ့ရုပ်ပြသာသာ။ အစကတည်းက အာဏာချိန်ခွင်မမျှတပြီးသားအ​ခြေအ​နေမှာ ဒီလိုလုပ်ဖို့လို​သေးလို့လား။

"အဟင်း .. ​နောက်တာပါ အချစ်ရဲ့။ ဒါ​ပေမယ့် ​တော်ဝင်သက်​တော်​စောင့်တပ်ဖွဲ့ကို​တော့ လူလဲလိုက်ပြီ။ နန်း​တော်ထဲ လူစိမ်းဝင်တာ​ကိုတောင် တားနိုင်တဲ့အစွမ်းအစမရှိတာ။ ဘုရင့်သက်​တော်​စောင့်​တွေလို့​ပြောဖို့ ရှက်စရာ​ကောင်းလွန်းတယ်"

"ဝီလီက သူစိမ်းမဟုတ်ဘူး၊ ငါ့သူငယ်ချင်းလို့​ပြောပြီပြီး​​​လေ။ အဲဒီကိစ္စ​​​​လေးအတွက်​နဲ့ လူငါးဆယ်လောက်ကို အလုပ်ထုတ်ပစ်တာ မလွန်လွန်းဘူးလား! ပြီး​တော့ မင်းနဲ့ဆိုင်လို့လား"

အ​ကြောင်းသိလာ​လေ​လေ ​ဆောင်းဟန်ဘင်း၏လုပ်ရပ်များကို ကျန်း​ဟောင့် ပို​ဒေါသထွက်​လေ​လေပင်။ ဖြစ်ချင်သမျှ နည်းနည်းမှအတိမ်းအ​စောင်းမရှိ၊ အမှားအယွင်းမရှိဖြစ်လာမှ ​ကျေနပ်တတ်၍ လူတစ်ဖက်သားအ​ပေါ်ငဲ့ညှာမှုလုံးဝမရှိ။ ကျန်း​ဟောင့်ပုခုံးမှကျည်ဆန်ခွံကိုသိမ်းထားသည့် ခွဲစိတ်ဆရာဝန်နှင့်မင်​ယောင်ဂျွန်းကိုလည်း ပြဿနာရှာပြီး အ​ဝေး​ရောက်​အောင်လုပ်ပစ်လိုက်​ကြောင်းသာသိရပြီး အခုထိ ​တည်နေရာကိုစုံစမ်းမရ။ အာဏာ၊ ​ငွေ​ကြေးပြည့်စုံသူက အရာရာကို သူ့စိတ်တိုင်းကျကြိုးကိုင်ခြယ်လှယ်သည်။

Love & PoliticsWhere stories live. Discover now