8

793 102 14
                                    

ညဆယ်နာရီအချိန် ဝန်ကြီးချုပ်အိမ်​တော်။

စကားတစ်ခွန်းမှမဆိုဘဲ မျက်နှာ​ထားတင်းတင်းဖြင့် ဆင်ဝင်​အောက်တွင် ​ခေါက်တုံ့​ခေါက်ပြန်​လျှောက်​နေသူ​ကြောင့် ခြံဝန်းထဲ၌ ​သေနတ်ကိုင်၍​စောင့်ကြပ်​နေ​သည့်သက်​တော်​စောင့်များအားလုံး အသက်ပင် ပြင်းပြင်းမရှုရဲ။

မကြာမီ ခြံဝန်းထဲသို့ ကား​လေးစီးအတန်းလိုက်ဝင်လာ၍ အနက်​ရောင်ကားသုံးစီးပေါ်မှဆင်းလာသည့် သက်​တော်​စောင့်များက ညအိပ်ဝတ်စုံဖြင့်ရပ်​နေသည့်ဝန်ကြီးချုပ်ကိုမြင်​သည်နှင့် ချက်ချင်းသတိဆွဲအ​လေးပြုလိုက်ကြ​သည်၊ သို့သော် ကာယကံရှင်၏အာရုံက​ ကားတန်း၏အလယ်ရှိ ပြိုင်ကားခဲ​ရောင်​လေး​ပေါ်မှဆင်းလာသည့်လူနှစ်​ယောက်ဆီ၌သာ။ ပုံမှန်ထက်အ​ရောင်ရင့်​နေသည့်မျက်နှာ​လေးက ဝတ်ထားသည့် suit ​ဆင်စွယ်​ရောင်​ဖျော့​ဖျော့ကြောင့် ​ရေချိန်ကိုက်​နေမှန်းပိုသိသာ​​၍ လက်​မောင်းတစ်ဖက်ကိုပါထိန်းကိုင်​ပေးထားရသည်ကို​တော့ ဟန်ဘင်း ဘဝင်မကျ။

"​ဝန်ကြီးချုပ်ကိုယ်တိုင် ထွက်​စောင့်​နေတာပဲ။ ကျွန်​တော်များ အမြင်မှားတာလား"

"ကျွန်​တော့်မင်းသား​လေးက ဒီ​​နေ့ပွဲမှာ နည်းနည်း​သောက်လာတယ်ကြားလို့​​ ​စောင့်​နေတာ .. ​ဒါရိုက်တာမင် အိမ်ထိ တကူးတကလိုက်ပို့​ပေးတာ ​ကျေးဇူးတင်ပါတယ်။ အိမ်ပြန်​ရောက်ပြီဆို​တော့ ကျွန်​တော့်လူကို ကျွန်​တော်ပဲ ဂရုစိုက်လိုက်ပါ့မယ်"

စကားဆုံးသည်နှင့် ထိန်းကိုင်​ပေးထားသည့်လက်တစ်ဖက်ကိုအသာဆွဲဖယ်ပြီး ခါးသွယ်သွယ်ကိုဆွဲယူလိုက်​တော့ တစ်ဖက်လူမျက်နှာပျက်သွားသည်က သိသိသာသာ။ အမူးသမားက​တော့ မူး​နေ၍လား၊ သူ့အပြစ်သူသိသည်၍လား​တော့ မ​ပြောတတ်၊ ဖက်ထားသည့်အတိုင်းငြိမ်​နေသည်။

"ဒါနဲ့ ဝန်ကြီးချုပ်က မင်းသား​လေးကိုဂရုစိုက်ဖို့​ တကယ်​ရောအချိန်​ရှိလို့လား။ နဂိုကမှ အလုပ်​များတဲ့အထဲ မမ​လေးယွန်ဟီးက​လည်း ပြန်​ရောက်​နေပြီဆို​တော့​လေ .. ကျွန်​တော် သတင်း​​တွေကြားပါတယ်"

"ဒါရိုက်တာမင်က အင်တာနက်​ပေါ်က အဲဒီလိုအတင်းအဖျင်းကိစ္စ​တွေလည်း စိတ်ဝင်စားတတ်တယ်လား .. မထင်ရဘူးပဲ"

Love & PoliticsWhere stories live. Discover now