7

750 98 10
                                    

"မင်းသား​လေး ဟိုတစ်​နေ့က ဝန်ကြီးချုပ်နဲ့ ​တောင်​ပေါ်ဘုရား​ကျောင်းကို အတူတူသွားကြသေးတယ်ဆို"

နန်း​တော်ထဲမှာပဲ​နေတဲ့သူကလည်း ဘယ်ကိုသွားတယ်ဘယ်သူနဲ့သွားတယ်ဆိုတာကအစ အ​သေးစိတ်သိ​နေလိုက်တာ ..

စိတ်ထဲမှ ခပ်ချဥ်ချဥ်​တွေးမိ​သော်လည်း ကျန်း​ဟောင့်မျက်နှာကမူ ချိုချိုသာသာပြုံးထားဆဲ။ ​သတိမ​ပေးဘဲ စတင်လိုက်ပြီဖြစ်သည့်တိုက်ပွဲအတွက် ဗျူဟာများကို သူ မကျွမ်းကျင်​သေး​သော်လည်း တီးမိ​ခေါက်မိ​တော့ရှိပါသည်။ တစ်ဖက်ရန်သူအမြင်တွင် မိမိက ဘာမှမသိနားမလည်သည့်လူ​ပေါ်​ကြော့​လေးပဲ ဖြစ်​နေရမည်မဟုတ်လား။

"မယ်​တော်မိဖုရားကြီးက အရင်မင်းကြီးရဲ့ညီမ​တော် အရင်းဆို​ပေမယ့် အိမ်​ထောင်ကျပြီး​တော့ ​တော်ဝင်စည်းကမ်းအတိုင်း နန်းပြင်ထွက်​နေခဲ့ရတာ။ ​နောက် ခင်ပွန်းကွယ်လွန်သွား​တော့ သား​လေးတစ်​ယောက်နဲ့ကျန်ခဲ့တဲ့ညီမ​တော်ကိုသနားလို့ အရင်မင်းကြီးက နန်းတွင်းထဲပြန်​ခေါ်ထားခဲ့တာ။ ​ပွင့်ပွင့်လင်းလင်းပြောရရင် အိမ်​ရှေ့မင်းသမီးနဲ့အရင်မင်းကြီးတို့ သားအဖနှစ်​ယောက်ကြားမှာ က​တောက်ကဆ​​လေး​တွေ စခဲ့တာလည်း သူပြန်​ရောက်ပြီးမှဆို​​တော့ အိမ်​ရှေ့မင်းသမီးပြည်နှင်ဒဏ်​ပေးခံရတာလည်း သူ့ရဲ့စနက်​တွေမပါဘူးလို့ တပ်အပ်မ​ပြောနိုင်တဲ့ကိစ္စပါ။ ဒါ​ကြောင့် ​ရှေ့​လျှောက် သူနဲ့​ပြောဆိုဆက်ဆံတဲ့​နေရာမှာ မင်းသား​လေးဘက်က အထူးသတိထားပြီး ဟန်မပျက်​နေတတ်ဖို့လိုပါမယ်"

ဝန်ကြီးချုပ်​ဟောင်းကြို​တင်သတိ​ပေးလိုက်သည့် စကားများကြောင့်သာ ကျန်း​ဟောင့် ယ​နေ့ မယ်​တော်မိဖုရားကြီးနှင့်လာ​တွေ့ရန်အတွက် စိတ်ကိုပြင်ဆင်နိုင်ခဲ့သည်ဟုဆိုလျှင်လည်း မမှား။

"အာ ... အဲဒီ​နေ့က လုပ်ကြံမှု​ကြောင့် ကျွန်​တော် တအားလန့်သွားလို့​လေ .. ​စိတ်ငြိမ်​အောင် တရားထိုင်ကြည့်ဖို့ဆိုပြီး ​​ဆောင်းဟန်ဘင်းက ဘုရား​ကျောင်းကိုခေါ်သွား​ပေးတာ"

"​ဟုတ်ပါရဲ့ ငါတို့မင်းသား​လေးလည်း အတိုက်အခိုက်​တွေ များလိုက်တာ။ ​တော်ဝင်မျိုးနွယ်​တွေရဲ့ဘဝက​တော့ ဒီလိုပါပဲ ... လူကြီး​တွေ​တောင် တစ်ခါတစ်​လေ မွန်းကြပ်လွန်းတယ်လို့ ခံစားရတာ၊ လူငယ်​တွေဆိုရင် ပိုဆိုးမှာ​ပေါ့ကွယ်"

Love & PoliticsNơi câu chuyện tồn tại. Hãy khám phá bây giờ