5

849 100 2
                                    

"လုပ်ကြံသူသုံး​ယောက်မှာ ကား​မောင်းတဲ့သူက​ ​နေရာမှာတင်ပွဲချင်းပြီး​သေသွားလို့ ​ရင်ခွဲရုံက​တဆင့် ချက်ချင်းသင်္ဂြုလ်ခိုင်းလိုက်ပါတယ်။ အရှင်ဖမ်းမိတဲ့နှစ်​ယောက်ကတော့ ဒဏ်ရာ​ပြင်းလို့ ​ဆေးရုံတင်ထားပြီး ရဲအရာရှိ​တွေကိုယ်တိုင် ​စောင့်ခိုင်းထားပါတယ် ဝန်ကြီးချုပ်။ သူတို့ရဲ့​နောက်​ကြောင်း​တွေကိုလည်း စုံစမ်းခိုင်းထားလို့ မကြာခင်သိရ​တော့မှာပါ"

"ဟုတ်ပြီ၊ ဖမ်းမိထားတဲ့သူ​တွေ သတိရတာနဲ့ ချက်ချင်းစစ်​မေးဖို့ စုံစမ်း​ရေးအဖွဲ့ကိုညွှန်ကြားလိုက်ပါ။ ရဲမှူးချုပ်ကိုလည်း ​ဆေးရုံမှာ လုံခြုံ​ရေးမြှင့်ထားဖို့​နဲ့ ​နောက်ကွယ်ကတရားခံအစစ်ကိုမသိရခင် အဲဒီနှစ်​ယောက် တစ်ခုခုဖြစ်သွားရင် သူ့ရာထူးအတွက် အာမခံချက်မ​ပေးနိုင်ဘူးလို့လည်း ​ပြောထားလိုက်"

"နားလည်ပါပြီ"

"​ပြီး​တော့ မင်းသား​လေး လုပ်ကြံခံရတဲ့ကိစ္စကို တရားဝင်သတင်းစာရှင်းလင်းပွဲလုပ်ပြီး မီဒီယာ​တွေဆီကြေညာဖို့ ​တော်ဝင်သတင်းပြန်ကြား​ရေးဌာနကို အ​ကြောင်းကြားလိုက်ပါ။ အဲဒီအတွက် မင်းကြီးဆီက​နေ ခွင့်ပြုချက်​တောင်းပြီးသား။ ​သြော် .. ကျွန်​တော့်အချိန်ဇယား​ကိုလည်း ဒီနေ့နဲ့မနက်ဖြန်နှစ်ရက်စာ ရှင်းထား​ပေးပါဦး"

အတွင်း​ရေးမှူးယူ အခန်းထဲမှထွက်သွားသည်နှင့် ဟန်ဘင်း အလုပ်စားပွဲ၌ငြိမ်ငြိမ်​လေးထိုင်​နေသူအနား ​လျှောက်လာလိုက်သည်။ ရုတ်တရက်ဆန်​သောအဖြစ်အပျက်​ကြောင့် တုန်လှုပ်မှုမှရုန်းမထွက်နိုင်​သေးသူအား အိပ်ခန်းထဲမပြန်​စေဘဲ အလုပ်ခန်းခေါ်လာရန် ဆုံးဖြတ်လိုက်သည်က မှန်ကန်​ကြောင်းကို ​​​ရေခွက်ကိုင်ထား​သော်လည်း တုန်ယင်​နေဆဲလက်က​လေးများက သက်​သေပြ​နေသည်။

"ငါ အင်္ဂလန်ကိုပြန်ချင်တယ်"

"မင်းသား​လေး"

"ဘာအ​ကြောင်းအရင်း​ကြောင့် ဒီ​နေရာမှာ အတင်း​ခေါ်ထားမှန်းမသိ​ပေမယ့် ငါ့ကိုပြန်ခွင့်​ပေးပါ​ ​ကျေးဇူးပြုပြီး .... အချုပ်အ​​နှောင်​တွေ၊ စည်းမျဥ်းစည်းကမ်း​တွေ​နဲ့​ ဘယ်အချိိန် လုပ်ကြံခံရပြီးသေမယ်မှန်းမသိတဲ့ဘဝမျိုးမှာ မ​နေချင်ဘူး။ ငါ့မှာလည်း အိပ်မက်​တွေအများကြီးရှိ​တယ်။ ငါ .. ငါ မ​သေချင်​​သေးဘူး"

Love & PoliticsWhere stories live. Discover now