အပိုင်း ၂

3K 211 20
                                    

ထိုအဖြစ်အပျက်များအစသည် ထိုနေ့ညကစခဲ့သည့်ဇာတ်လမ်းဖြစ်သည်။ထိုနေ့ညက ဝင်းဦး​၏ဇာတ်ကားရုံတင်သည်မို့ ဝင်းဦးကိုအသံစွဲနေသော အညိုသွား၍ကြည့်ချင်သည်။သို့သော် ဘိုင်စကုတ်ကြည့်ခြင်း၊ရုပ်ရှင်ကြည့်ခြင်းများကိုဖေဖေမကြိုက်သည့်အတွက် အညို့ဖို့ခက်လှသည်။

ထိုနေ့ညကလူမသိအောင် အိမ်ကခိုးထွက်၍ ရုပ်ရှင်ရုံသို့သွားခဲ့သည်။လမ်းတွင် အဖေ့ထံအများလာနေတက်သော အဖေ့​၏လုပ်ငန်းမိတ်ဆွေ ဦးဘချစ်​၏သား ကိုရာဇာနှင့်လမ်းတွင်တွေ့​၏။

အစကတော့ကိုရာဇာသည် အညိုမှန်းမသိ မိန်းမပျိုလေးအမှတ်နှင့် သူစီးလာသောဂျစ်ကားပေါ်မှဆင်းကာ မိမိထံသို့လာ​၏။အနီးသို့ရောက်သောအခါ အညိုမှန်းကိုရာဇာသိသွာသည်။

"အေ့...အညို ဒီချိန်ကြီးတစ်ယောက်ထဲဘယ်တုန်း"

ကိုရာဇာ့စီမှ ဝီစကီအနံ့ကိုရနေသည်။ကိုရာဇာမူနေတာဖြစ်ပေလိမ့်မည်။

"ဟို....ရုပ်ရှင်ရုံသွားမို့ ဖေဖေကခွင့်မပြုလို့ ခိုးထွက်လာတာ"

ကိုရာဇာက အပြုံးတစ်ခုအားမျက်နှာထက် ဆင်မြန်းလိုက်သည်။

"အညိုအဆင်ပြေရင် ကိုရာဇာရုပ်ရှင်ရုံလိုက်ပို့ပါရစေ"

"ဟို...ရပါတယ်ကိုရာဇာရယ် အညို့ဟာအညိုဘဲသွားပါရစေ"

"မရပါနဲ့အညိုရယ် လာပါ"

ကိုရာဇာကအညို့လက်အား အတင်းဆွဲကာခေါ်သွားသည်မို့ အညိုလည်းလိုက်မိခဲ့​၏။

လမ်းမထက် ခွေတစ်ကောင် ကြောင်တစ်မြီးမှမရှိသည့် လမ်းတစ်ခုထဲသို့ချိုးဝင်သွားသည်။

"ကိုရာဇာ ဒါဘယ်လမ်းတုန်း"

"ကိုအလုပ်ကိစ္စလေးရှိလို့ ဝင်တာခဏဘဲမကြာဘူး"

ထိုအချိန်မှာဘဲ ကိုရာဇာဘရိတ်ကိုစောင့်အုပ်လိုက်သည်။ထို့နောက် ကားတံခါးဖွင့်ကာ ထွက်လာသည်။ပြီးနောက် အညို့ကားတံခါးအားဖွင့်လိုက်​၏။

"ကိုရာဇာ ဘာလုပ်မလို့တုန်း"

ကိုရာဇာကအညို့လက်အား ကိုင်လာ​၏။အညိုမရုန်းမိပါ ။အညိုသည်မပြုခင်ကနုနေသည့်လူတစ်ယောက် ကိုရာဇာကိုဟိုးအရင်များကတည်းက သဘောကျနေခဲ့သူတစ်ယောက်ပါ။

ပန်းပန်ရင်နန်းဆန်တယ်Onde as histórias ganham vida. Descobre agora