အပိုင်း ၁၄

822 52 3
                                    

အညိုအိပ်ယာမှနိုးချိန်တွင် ဘေး၌ကိုမော်ရှိမနေတော့။ထို့အတွက်ကြောင့် လှဲနေရာမှထထိုင်လိုက်မိ၏။အညိုကုတင်ပေါ်မှနေ၍ တဲထဲအားဝေ့ဝှဲကြည့်မိ၏။သို့သော်ကိုမော်အား အရိပ်ပင်မတွေ့ရ။

အညိုကုတင်ထက်မှဆင်းကာ တဲပြင်သို့ပြေးထွက်လိုက်မိ၏။တဲပြင်တွင်လည်း မည်သူမှမရှိတော့ချေ။အညိုထားခဲ့ခံရပြီဆိုသည့်စိတ်နှင့်အတူ ပါးပြင်ထက်တွင်မျက်ရည်များစီကျ၍နေလေသည်။

ထို့နောက်အညိုမြေပြင်ထက်၌ ဒူးထောက်ကာထိုင်ချလိုက်မိ၏။ပြီးကောင်းကင်သို့မော့ကြည့်က

"ကိုမော်ရေ...ကိုမော်"ဟုငယ်သံပါသည်အထိ အော်ခေါ်နေမိ၏။

“အညို...အညို”

ကိုမော်၏ခေါ်သံကြား၍ အညိုတစ်ယောက် ဒူးထောက်ထိုင်နေရာမှ မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ကိုဝေ့ဝှဲကြည့်နေ၏။သို့သော်အညိုတစ်ယောက် ကိုမော်ကိုမတွေ့သေးပါ။

“ကိုမော်ရေ...အညို့ကိုမစပါနဲ့...အညိုကြောက်နေပြီ...အညို့ကိုထားမသွားပါနဲ့”

အညိုအော်လိုက်ပြီးချိန်တွင် ခွေခွေကလေးလဲကျသွားလေ၏။

“အညို...အညို”

ခေါ်သံနှင့်အတူ အညို့ပခုံးအားလုပ်ခတ်လာသည်မို့ အညို့မျက်လုံးများအား အားယူကာဖွင့်မိ၏။မပွင့်တပွင့်မျက်လုံးများကြားတွင် ရုတ်တရက် ကိုမော့်ကိုတွေ့လိုက်ရသည်မို့ အညိုကိုမော့်အားဖက်လိုက်မိ၏။

“ထားမသွားပါနဲ့…တစ်ယောက်ထဲထားပြီးထွက်မသွားပါနဲ့”

“အညို...အညို”
ကိုမော်ကအညို့ပခုံးအားဆွဲကိုင်ကာ သူမျက်နှာကိုကြည့်စေ၏။

“ကိုယ်မင်းကိုဘာလို့ထားခဲ့ရမှာလဲအညို…ကိုယ်ဟာမင်းကိုအပျော်ကြံတယ်လို့ မင်းထင်နေသလားဟင်”

“အဲ့လိုမဟုတ်ပါဘူးကိုမော်...ခဏကအညိုနိုးတော့ ကိုမော်ကလည်အနားမှာမရှိတော့သလို ကိုမော့်တပည့်တွေကလည်းမရှိတော့...အညိုကြောက်သွားလို့ပါ”

“ခဏကအညိုအိမ်မက်ယောင်နေတာလေ...အညိုအိပ်နေရင်းပါးစပ်ကနေ ကိုမော့်ကိုအော်ခေါ်နေလို့ ကိုယ်ထူးတော့လည်း အညိုကတိတ်မသွားဘူး...ပြီးတော့အညို့ကိုနှိုးတော့လည်း အညိုကမနိုးဘူးလေ”

ပန်းပန်ရင်နန်းဆန်တယ်Where stories live. Discover now