အပိုင်း ၁၁

1.5K 90 1
                                    


အညိုညက ကောင်းကောင်းအိပ်မပျော်မိ၍ မနက်အိပ်ယာထချိန်၌ ဒုက္ခရောက်ရ၏။သို့သော် ညနေရထားဖြစ်၍ အညို့အတွက်စိတ်အေးရပါသည်။

အညိုမနေ့ကရေးထားသော စာရွတ်ခေါက်လေးအား ကြီးကြီးမြအားပေးရန် အခက်တွေ့နေရသည်။သို့သော် မပေးမဖြစ်၍ အညိုအရဲစွန့်ကာ ကြီးကြီးမြအားပေးရသည်။

“ကြီးကြီးမြ...ဒီစာကိုလေ ဟိုတစ်ခါက အညို့ကိုလာခေါ်ပေးတဲ့သူ လာရင်ပေးပေးပါ”

“အေးကွယ် ကြီးကြီးမြလက်မအားလို့ အဆင်ပြေတဲ့နေရာတင်ထားခဲ့ပါကွယ်”

ကြီးကြီးမြက ထမင်းရည်ငှဲ့နေ၍ အညို့၏စာအားမယူအား၍ အညိုကဘဲအဆင်ပြေမည့်နေရာ၌ တင်ပေးထားခဲ့သည်။အညို့အား မည်သည့်မေးခွန်းမှမမေး၍လည်း အညိုစိတ်အေးရပါသည်။

အညိုကို ဘူတာသို့ကြီးကြီးမြတူကဘဲ လိုက်ပို့ပေးပါသည်။ကြီးကြီးမြကတော့မပါ။

ကြီးကြီးမြက အညိုပြန်ချိန်မှဘဲ အလွန်အလုပ်ရှုပ်နေပုံပါဘဲ။ဒါကြောင့် အညိုမလိုက်ခဲ့ဖို့ အညိုတားခဲ့ရသည်။

ညနေရထားသည် မနက်ရထားလောက် လူမကြပ်ပါ။ထို့အတွက်ကြောင့် ခုံထိုင်ရာတွင် အလုပ်မရှုပ်။

ရထားစထွက်ချိန်တွင် ကျောက်ပန်းတောင်းမှအညိုပြန်သည်ကိုမကြိုက်သယောင် ကောင်းကင်ပြာတို့သည်ရုတ်တရက်မဲမှောင်ကာ မိုးဖွားလေးများကျလာခဲ့သည်။

ရထားပေါ်တွင် အညိုအတွေးလွန်နေ၍ နိုးတစ်ဝက်၊အိပ်ပျော်တစ်ဝက်ဖြစ်နေရသည်။ထို့အတွက်ကြောင့် အညို့ခေါင်းများကိုက်ခဲနေရ၏။ရန်ကုန်ဘူတာသို့ရောက်ချိန်တွင် မိုးသည်ပို၍သည်းလာခဲ့၏။

မိုးသည်းနေသည်ကတစ်ကြောင်း မနက်အစောဖြစ်၍ကတစ်ကြောင်း မြင်းလှည်းငှားရန်အတော်ကြာနေရသည်။

အညိုမြင်းလှည်းစောင့်သည့်နေရာနှင့် မြင်းလှည်းပေါ်မှအဆင်းမိုးမိသဖြင့် အညို့ခေါင်းနှင့်ကိုယ်တစ်ချို့စိုနေရသည်။

အိမ်သို့ရောက်ချိန်တွင် မေမေနှင့်ဖေဖေမရှိ၍တိတ်ဆိတ်နေသည်။ကြီးကြီးမြအဘယ့်ကြောင့်မလိုက်လာသည်လည်း၊ပြန်လာမည်ကိုကြိုမပြောရသည်လည်း စသည့်အကြောင်းများကို မမြိုင်ကမေး၍မဆုံးပါ။

ပန်းပန်ရင်နန်းဆန်တယ်Where stories live. Discover now